1

3.3K 178 0
                                    

Chanyeolပုံမှန်လုပ်နေကြဖြစ်တဲ့ မနက်တိုင်းနို့ဘူးတွေပို့ပြီးသွားတော့ အလုပ်သို့လာရန်ထွက်ခဲ့သည်။ခဏခဏပျက်လို့ပြင်ပြင်နေရပေမဲ့ မလွှတ်ပစ်ဘဲ သိမ်းထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့စက်ဘီးလေးကိုစီးရင်း လမ်းကြားထဲကနေ အလုပ်ကိုလာခဲ့သည်။

အချိန်ပိုင်းလုပ်တဲ့ စတိုးဆိုင်လေးရှေ့ရောက်တော့ စက်ဘီးကိုဘေးကပ်ရပ်လိုက်ပြီး ဆိုင်ထဲသို့ဝင်ခဲ့သည်။

"မောနင်း ဦးလေး"

"မောနင်း ဆိုင်ကိုဂရုစိုက်နော် Chanyeol"

"ဟုတ် သတိထားပြီးပြန်ပါ "

24 hoursလို့အမည်ရတဲ့ ဟောဒီစတိုးဆိုင်လေးမှာ Chanyeolရယ် ဦးလေးကြီးတစ်ယောက်ရယ်က အချိန်အပြောင်းအလဲနဲ့အလုပ်လုပ်တယ်။ည‌ပိုင်းကနေ မနက်ထိ ဦးလေးကြီးကတာဝန်ယူပြီးChanyeolကတော့ မနက်ပိုင်းကနေညပိုင်းထိတာဝန်ယူတယ်။

လာဝယ်သမျှ customerတိုင်းကိုအပြုံးချိုချိုနဲ့နှုတ်ဆက်ရင်း ဆီးကြိုတတ်တဲ့Chanyeolကြောင့် ဆိုင်မှာ လူတွေမပြတ်ခဲ့။ညပိုင်း Chanyeolတာဝန်အချိန်ပြီးသွားတာနဲ့ ဦးလေးကို တာဝန်ပြန်လွှဲခဲ့ပြီး။နောက်ထပ်အလုပ်တစ်ခုကိုသွားခဲ့တယ်။

အဲ့ဒါကတော့ "City Light" လို့အမည်ရတဲ့ Seoulမြို့မှာ နာမည်ကြီးတဲ့Barတစ်ခုပါဘဲ။မှာသမျှ Alcoholအမျိုးမျိုးကို ဝိုင်းတိုင်းမှာဂရုတစိုက်နဲ့လိုက်ချပြီး လာသမျှ Customerတိုင်းကို ဧည့်ဝတ်ကြေအောင် လိုအပ်သမျှ အကုန်လုပ်ပေးတယ်။ပြောရမယ်ဆို waiterတောင်မဟုတ်တော့ဘဲ အစုံသုပ်လိုဖြစ်နေတယ်။ဒါမဲ့Chanyeolမမှု ဘာလို့ဆို ဝင်ငွေကောင်းတယ်လေ။အခုတတိယအလုပ်ဖြစ်တဲ့Barဆိုင်ကwaiterကရတဲ့ဝင်‌ေငွကပထမအလုပ်ဖြစ်တဲ့နွားနို့နဲ့ဒုတိယအလုပ်ဖြစ်တဲ့စတိုးဆိုင်ကရတဲ့ဝင်ငွေနှစ်ခုပေါင်းထက် ဆယ်ဆလောက်သာတယ်လေ။ဒါကြောင့်Chanyeolဘယ်လောက်ပင်ပန်းပါစေ လုံးဝလက်မလျှော့ဘူး။ဒါမှ အမေ့အကြွေးတွေဆပ်နိုင်မှာလေ...

အလယ်တန်းထဲက အရက်ကြောင့်ဆုံးပါးသွားခဲ့တဲ့ အဖေမရှိတော့တဲ့နောက်ပိုင်း အမေဘဲအိမ်ထောင်ဦးစီး ၊အမေဘဲအိမ်ထောင်ရှင်မ၊နှစ်တိုင်းနှစ်တိုင်း အိမ်လခနဲ့ Chanyeolကျောင်းလခပြီးတော့ ထမင်းစားဖိုးပါရှာနေရတဲ့ အမေက တဖြည်းဖြည်းနဲ့အင်အားချိနဲ့လာခဲ့တယ်။

Bambi (Edit Version)Where stories live. Discover now