21

487 64 0
                                    

"ငါဒီထပ်ပိုတဲ့အချက်အလက်တွေလိုချင်တယ် တစ်ပတ်အတွင်း အဲ့မိသားစုရဲ့အကြောင်းအကုန်ယူလာခဲ့"

"ဟုတ်ကဲ့ပါ အကိုလေး"

ခင်ဗျားတို့သားအဖငွေနဲ့လိုက်ဖုံးခဲ့တဲ့အပြစ်တွေကိုကျွန်တော်ကဘဲသဘောထားကြီးစွာဖော်ပေးပါ့မယ် ... Kim Sojun။

ဦးညွှတ်အရိုအသေပေးမှုနဲ့အတူ ထွက်သွားတဲ့ အလုပ်သမားအားကြည့်ပြီးနောက် Baekhyun သက်ပြင်းရှည်တစ်ခုချလျက် ဆိုဖာခုံနောက် ကျောကိုလျော့ရဲစွာမှီကာ မျက်လုံးစုံမှိတ်လိုက်သည်။

Knock knock knock

"ကိုယ်ဝင်လာခဲ့မယ်နော်"

တံခါးခေါက်သံ သုံးချက်နဲ့အတူ အခန်းထဲဝင်လာတဲ့ Chanyeol ။ အလျင်အမြန်ပင် ခါးကိုမတ်ကာ ပင်ပန်းသည့်မပေါ်အောင် ထိန်းရင်း Chanyeolအဝင်လာကို စောင့်နေလိုက်သည်။

"Baekhyunပင်ပန်းနေမယ်ထင်လို့ ကိုယ်သံပုရာဖျော်ရည်ယူလာခဲ့တယ်၊ကုန်အောင် သောက်လိုက်"

ကမ်းပေးလာတဲ့ သံပုရာဖျောရည်ခွက်ကို ယူပြီး မော့လိုက်တော့ ပင်ပန်းနွမ်းနယ်မှုအစုံက ပျောက်သွားကာ စိတ်ထဲရှင်းလင်းသွားသည်။ပြောရမယ်ဆို အရှေ့က ထိုင်နေတဲ့ သူ‌ေြကာင့်လဲ ပါတာပေါ့။

"Baekhyun Switzerlandကပြန်လာတာဖြင့်မကြာသေးဘူး မနားဘဲအလုပ်တွေဆက်တိုက်လုပ်နေတယ်နော်၊Baekhyunကျန်းမာရေးထိခိုက်လိမ့်မယ်"

Chanyeol စိတ်ပူစွာပြောလာတဲ့စကား‌ေြကာင့် Baekhyunသက်ပြင်းဖွဖွချမိသည်။Chanyeolပြောတာလဲမမှားပါ Switzerlandကပြန်လာပြီး တပတ်နီးပါး အခန်းထဲမထွက်ဘဲ Baekhyunလက်စားချေဖို့သာ အာရုံစိုက်ပြီး တစ်ဖက်ကမိသားစုကို ဖြိုခွဲဖို့ ကြိုးစားနေလိုက်တာ Chanyeolကိုလဲ ဒီရက်ပိုင်းတွေ သိပ်ပြီးစကားမပြောဖြစ် Chanyeolကဘဲ Baekhyunအတွက် လိုအပ်တာတွေလိုက်လုပ်ပေးနေတော့ Baekhyunလဲအားနာလှပြီ။

မိမိရဲ့စကားကို ခေါင်းလဲ မငြိမ့်ခေါင်းလဲမခါပါဘဲ ဒီတိုင်းကြီးငူငေါင်ကာထိုင်နေသည့် Baekhyun‌ေြကာင့် Chanyeol သက်ပြင်းခပ်လေးလေးချမိသည်။

"Baekhyunစိတ်ကြိုက်လုပ်ပါ ကျေနပ်သလိုလုပ်နိုင်ပါတယ်၊ဒါပေမဲ့ ကိုယ့်ကိုကိယ် မထိခိုက်စေပါနဲ့ Baekhyun ကိုယ်တောင်းဆိုပါတယ်"

Bambi (Edit Version)Where stories live. Discover now