24

1.5K 97 1
                                    

"နာရီပိုင်းလောက်သာရှင်းပြလိုက်ရတဲ့ဖြေရှင်းချက်တစ်ခုကို သုံးနှစ်ကြာပစ်ခံလိုက်ရတဲ့သူက အလွယ်တကူ ယုံကြည်မယ်တဲ့လား ၊ ဟက်! မင်းကသိပ်ကိုရယ်စရာကောင်းတာဘဲ"

Chanyeol ရွဲ့စောင်းကပြောလိုက်တော့ Baekhyun မျက်နှာကွက်ကနဲပျက်သွားသည်ကို Chanyeol လှမ်းမြင်လိုက်ပါသည်။ အပြင်ပိုင်းမှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမဲ့ အတွင်းပိုင်းမှာတော့ ဒီလူ မျက်နှာလေးတစ်ချက်ပျက်တာကိုတောင် အသဲကြေမတတ်ခံစားနေရတာ ။

Baekhyunက သုံးနှစ်အကြာမှ အရာအားလုံးကို ဆုံးရှုံးခံပြီး Chanyeol ဆီလိုက်လာတယ် ။ သူ့ရဲ့ အိမ်ကြီးရယ် ၊ သူပိုင်ဆိုင်တဲ့ Company ကို Baekhyun ယုံကြည်ရတဲ့ လူကို လွှဲပြီးတော့ရယ် ၊Chanyeolမကြိုက်တဲ့ သူရဲ့ မာနတွေကိုရယ် ၊ အတ္တတေွရယ်နဲ့ တကိုယ်ကောင်းဆန်မှုပါ မကျန် ဆုံးရှုံးခံလိုက်သည်တဲ့။

ဒါက Chanyeol ကို ချစ်လို့တဲ့ ၊ ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က အဖြစ်အပျက်တွေကိုလဲ မပြတ်တန်းရှင်းပြပြီး Chanyeolကိုဘဲ ထွက်သွားခိုင်းရတဲ့ အကြောင်းကိုလဲ တွယ်ဝိုက်စွာ ပြောနေတယ်။ ပြီးတော့Baekhyunကဒီသံုးနှစ်အတွင်း Chanyeolဆီမရောက်လာခဲ့တာလဲ Chanyeolအပေါ်လုပ်ခဲ့မိတဲ့သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်အပြစ်ရှိသလိုခံစားရတာမို့ မပေါ်လာရဲခဲ့တာပါတဲ့။
ဒီအကြောင်းတွေ Baekhyun မပြောရင်တောင် Chanyeol က ဦးစွာ သိထားသူဖြစ်သည်။

သိတာပေါ့၊ Chanyeolက Landonကိုသာ ရောက်နတာ Koreaမှာ Baekhyun ဘယ်လိုနေထိုင်နေလဲဆိုတာ သူငယ်ချင်းဖြစ်သူ jaeminကို stalker လုပ်ခိုင်းထားတယ် ။ ဒါကြောင့်မို့ Baekhyun သူထွက်သွားပြီး လှေကားပေါ်က ပြုတ်ကျပြီး ဆေးရုံတင်ရတာတို့ ၊ တပတ်လောက်သာ ဆေးရုံတတ်ပြီး သူ့ရဲ့ ရန်သူတော် မိသားစုကို လက်စားချေတာတို့ အဲ့ဒီလက်စားချေပြီး ခေါင်းကဒဏ်ရာကထပ်ဆိုးလာလို့တစ်လကျော်လောက်ဆေးရုံမှာဘဲဆေးစစ်မှုခံယူနေရတာတို့ကို Chanyeol ၏၊သည် မရွေးသိသည်။ပြီးတော့ Chanyeolကို စိတ်ထဲကမပါဘဲ သူ့အနားက မောင်းထုတ်သည်ကိုလည်း Chanyeol ရိပ်မိပါသည်။

ဒီအကြောင်းတွေကို သိလို့ လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကိုခါးခါးသီးသီးစကားတွေပြောပြီးမောင်းထုတ်ခဲ့တဲ့Baekhyunကို သူခွင့်လွှတ်မယ်လို့တော့ မထင်ပါနဲ့ ။ လုံးဝခွင့်လွှတ်မည် မဟုတ် ။ဘာလို့ဆို Baekhyunမှာ အပြစ်ရှိသည် ။Baekhyun ရဲ့ တကိုယ်ကောင်းဆန်စွာ လုပ်ရပ်တစ်ခုက ကြီးမားတဲ့ အပြစ်တစ်ခုပင် ။ ဒါမဲ့ BaekhyunကChanyeolစကားကို နားထောင်ခဲ့သည်။ Chanyeol သာ Baekhyunကို အနည်းငယ်မဖြောင်းဖျမိရင် ဒီချိန် Baekhyun လူသတ်မှုနဲ့ ထောင်ကျနေပြီ ။ အဲ့ဒီ့Baekhyunလက်စား‌ေချတဲ့သူ တွေသည် Baekhyunအိမ်ကအလုပ်သမား‌ေတွမဟုတ််လို့ သေချာ‌ေပါက်ကိုပင်ထိုသူတို့ကိုသတ်လျှင်Baekhyunဟာ‌ေထာင်နန်းစံနိုင်သည်။အခုမသတ်ခဲ့ဘဲ လက်စားချေခဲ့တော့တော်သေးသည်ပေါ့။သို့ပေမဲ့လဲ ဘယ်လိုဘဲ ပြောပြော Chanyeol သည် Baekhyun ကိုခွင့်မလွှတ်ပါ။

Bambi (Edit Version)Where stories live. Discover now