23

648 70 3
                                    

"သား အမြန်ဆုံးလှုပ်ရှားလိုက်တော့ ကံတရားကအဖေတို့ဘက်ဘဲ လိုက်တာ၊ အဟက်!Byun Baekhyunကတော့ အခုဆို သေမင်းနဲ့ တိုက်ပွဲဝင်နေလောက်ပြီ"

အသက်70နှင့်မလိုက်အောင် အဖေက အရမ်းကို အမုန်းပွားလွန်းသည်ဟုထင်သည်။ လွန်ခဲ့တဲ့ 16နှစ်ကလိုမျိုး အဖေက Byunမိသားစုကို မုန်းနေတုန်းပင်။ အမြဲတမ်း ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ မိသားစုကိုမှ ဘာကြောင့်မုန်းနေရလဲ သူမသိပါ။

" သား အဖေပြောတာ ကြားလား"

"ဟုတ်!"

"သွားတော့ Baekhyunရဲ့ ပိုင်ဆိုင်မှုတွေကို ယူပြီး Byunမျိုးရိုးကို ဖျက်စီးလိုက်တော့ ဥပမာ လွန်ခဲ့တဲ့ 16နှစ်တုန်းကလိုမျိုးပေါ့"

အဖေဖြစ်သူက ပြောပြီး အဓိပ်ပါယ် ရှိတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"အဖေ"

"အင်း ဘာလဲ"

Sojunခေါ်တော့ အဖေက မေးငေါ့ပြကာ ပြန်ထူးသည်။

"ကျေးဇူးပြု၍ Baekhyunကိုတော့ ထိခိုက်အောင် မလုပ်ပါနဲ့"

တိုးလျစွာ တောင်းဆိုလာတဲ့ သားဖြစ်သူရဲ့စကား‌ေြကာင့် အဖေဖြစ်သူက သက်ပြင်းခပ်ဖွဖွချသည်။Sojunကအခုချိန်ထိ Byun Baekhyunကို သံယောဇဉ်ရှိတုန်းဘဲ။ ဒီကိစ်စတွေကို သူခိုင်းလို့သာလုပ်ရတာ တကယ်တော့ သားဖြစ်သူမလုပ်ချင်မှန်း သူသိသည်။သို့ပေမဲ့ ကိုယ်လက်လျှော့လို့မဖြစ် အရာရာ ကိုယ်ထက်သာနေတဲ့ Byunမိသားစုကို ချေမှုန်းချင်သည်မှာ အထက်တန်းကတည်းပင်။

အခန်းထဲမှာဆိုလဲ အမြဲ အဆင့်တစ်ရပီ ကိုယ်သဘောကျတဲ့ မိန်းကလေးက Baekhyunအဖေကို သဘောကျပြီး နောက်ဆုံး လက်ထပ်က Baekhyunအမေတောင် ဖြစ်သွားခဲ့သည်။ ပထမက Baekhyunအဖေက ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်ပေမဲ့ အရာရာ ကိုယ့်ထက် သာလွန်နေတော့ ကြာတော့မျက်ပြင်းကပ်လာရသည်။

သို့ပေမဲ့ သူတို့သာရန်ကိုယ်ကြိုးစားနေချိန်မှာ Companyရဲ့ငွေကြေးကို အလိမ်ခံရပြီး ဒေဝါခံလုနီးပါး ဖြစ်ခဲ့တဲ့အချိန် Baekhyunအဖေက သူတို့ဆီခေါ်လာခဲ့သည်။ဒါလဲ ကောင်းတဲ့အရာဘဲလေ အဝေးကနေ တိုက်ခိုက်မရတော့ အနီးကပ်တိုက်ခိုက်လို့ရတာပေါ့။ပြီးတော့ Byunမိသားစုရဲ့ ယုံကြည်မှုကို ယူပြီး သူတို့ရဲ့ပျော့ကွယ်ကိုစုတ်ကိုင်ကာ ဖျက်ဆီးခဲ့သည်။ပြီးတော့ Byun မိသားစုရဲ့ Companyကို လုယူခဲ့သည်။

Bambi (Edit Version)Where stories live. Discover now