20

557 70 6
                                    

Chanyeol ကျေးဇူး‌ေြကာင့်နဲ့ Switzerlandမှာ သုံးရက်လောက်ထပ်နေပြီး အလုပ်တွေကို အပြီးသတ်နိုင်ခဲ့တယ်။အလုပ်ပြီးပြီးချင်းဘဲ Mr.Louisအား နှုတ်ဆက်၍ Koreaကို flightနဲ့ဘဲ ပြန်လာခွဲလိုက်တယ်။

ပြတင်းမှန်ကတစ်ဆင့် ဖြူဖွေးသောတိမ်များကို ကြည့်နေရင်း အိပ်ငိုက်လာသည်မို့ သက်တောင်သက်သာဖြစ်စေရန် ထိုင်ခုံနောက်မှီကို အနောက်အနည်းငယ်ချလျက် အိပ်နေလိုက်သည်။

"Baekhyun အိပ်နေတာလား"

အိပ်နေတဲ့ သူကို အိပ်နေတာလားလို့ လာမေးနေတဲ့ Chanyeolဟာ ရူးများနေသလား။ချစ်ရသူသာ မဟုတ်ရင် နားရင်း သုံးချပ်လောက်ပိတ်အုပ်နေလောက်ပြီ။

"အင်း "

သို့ပေမဲ့လည်း Baekhyun မလုပ်ရက်တာမို့ မျက်လုံးမှိတ်၍သာ ‌ပြန်ဖြေလိုက်သည်။

"အိပ်ချင်လို့လား"

Chanyeolသည် Baekhyun ရဲ့ စိတ်ကိုလာစမ်းနေသည်ဟုပင် ထင်နေရသည်။Baekhyunထပ်မဖြေဘဲ ခေါင်းသာငြိမ့်လိုက်ပြီး ငြိမ်နေလိုက်တော့ Chanyeolဆီမှ နောက်တစ်ခွန်းကြားလိုက်ရသည်။

"အိပ်ချင်ရင် အိပ်လိုက်လေနော်"

Baekhyunစိတ်မရှည်တော့ပါဘဲ နောက်မှီရာကနေ ဆတ်ကနဲထ၍ Chanyeolကို စူးရဲစွာစိုက်ကြည့်လိုက်တော့ အပြစ်ကင်းစင်သည့် ကလေးသူငယ်မျက်နှာထားနဲ့ ကျွန်တော့်ရဲ့ချစ်ရသူပါလေ။

"Park Chanyeol,မင်းငါ့ကို ပြောင်နေတာလား၊ အိပ်ပျော်တော့မဲ့ ငါက မင်းရဲ့ အရူးစကားတွေ‌ေြကာင့် ပြန်ပြန်နိုးလာရတယ်၊အိပ်နေတာကို မြင်ရဲ့သားနဲ့ အိပ်နေတာလား အိပ်ချင်နေတာလားလို့ လာလာမေးနေတဲ့ မင်းက ရူးနေတာလား"

Baekhyun ခပ်စူးစူးစိုက်ကြည့်ပြီးမေးလိုက်တော့ Chanyeolဆီက သနားကမားမျက်နှာနဲ့ ချော့သံသြဩသလေးကိုရသည်။

"ကိုယ်တောင်းပန်ပါတယ် ၊ ကိုယ်နှောင့်မယှက်တော့ပါဘူးနော် Baekhyun "

Baekhyunခေါင်းကိုသာ ဆက်ကာဆက်ကာ ခါရမ်း၍ ပင် နောက်ကျော်ပြန်မှီကာ အိပ်လိုက်သည်။ သို့ပေမဲ့ Chanyeolသည် ထပ်ပြီး နှောင့်ယှက်ပြန်သည်။ သူ့ရဲ့ လှုပ်ရွကာ အငြိမ်မနေတဲ့ ကိုယ်လုံးကြီးက အိပ်နေတဲ့ Baekhyun ရဲ့ပုခုံးကိုလာတိုက်သည်။

Bambi (Edit Version)Where stories live. Discover now