9

741 113 10
                                    

ဖျားပြီးနှစ်ရက်မြောက်နေ့မှာတော့ Baekhyun အဖျားပျောက်သွားခဲ့တယ်။အဲ့နှစ်ရက်အတွင်းလဲ Chanyeol နဲ့ Baekhyunတို့ စစ်ပွဲတွေဖြစ်တော့မလိုပင်။ဆေးလိုက်တတ်တဲ့ Chanyeol ကို Baekhyun ကုတင်အောက်ပုံးလိုက် ဗီဒိုထဲပုန်း Chanyeol အခန်းထဲလိုက်ပုန်းလိုက် တစ်ခါတစ်လေ မမြင်နိုင်တဲ့နေရာတွေပါ ပုန်းလို့ မြေလှန်ပြီးရှာရမလိုပင်။

မတွေ့တဲ့အဆုံးChanyeol အသံမာမာနဲ့ခေါ်လိုက်ရင်တော့ မျက်နှာစူပုတ်ပုတ်နဲ့ပုန်းနေတဲ့နေရာကနေ ထွက်လာသည်။ပြီးတော့ Chanyeol ကို သေနတ်နဲ့ပစ်မာ်တွေရော ဓားနဲ့ခုတ်မယ်‌တွေရော ကြာပွတ်နဲ့အချက်တစ်ရာရိုက်မယ်တွေရော ပြောပြီး ဆေးကိုမျက်ရည်အရွှဲသားနဲ့သောက်ရှာသည်။ဒီလိုကျတော့လဲ Baekhyun ကချစ်စရာကောင်းသားဟု‌ေခါင်းထဲဝင်ဝင်လာတဲ့အတွေးကို‌ေတာ့Chanyeol ခဏခဏ ဖယ်ထုတ်နေရတာ အမော။

ပြီးတော့Baekhyun အခန်းထဲမဝင်ရဘူးဟု ဘာ‌ေြကာင့်အမိန့်ထုတ်ထားလဲဆိုတာကို Chanyeol တွေးမိသည်။ပုံမှန်လိုဘဲအခန်းကဘာတွေများလျိုဝှက်ထားလဲဟုပသ် တွေူမိသေးသည်။Baekhyun အခန်းက Chanyeol အခန်းလိုပါဘဲ ဗီဒိုကြီးကြီးတစ်ခု ကျယ်ပြန့်တဲ့မွေ့ယာ မျက်နှာကြပ်‌ေပါ်ကမီးဆိုင်း ကုတင်ဘေးကစားပွဲခုံးတစ်ခု ပြီးတော့ အခန်းတစ်ခုလုံးကို‌ေတာ့ အဝါဖျော့ဖျော့လေးခြယ်ထားသည်မှာ တကယ်ကိုရင်ထဲအေးစေသည်။Chanyeol အခန်းနဲ့မတူတာတစ်ခုတော့ ရှိတယ် ။ထောင့်စွန်းနားမှာထားထတဲ့ ပန်းအိုးထဲကနှင်ူဆီက အနီရောင်မဟုတ်ဘဲ အနက်ရောင်သာဖြစ်သည်။ဘာ‌ေြကာင့်လဲမသိပေမဲ့လဲ သဘောကျလို့ဘဲဟုသာတွေးလိုက်သည်။

တကယ်တမ်းကျတော့ Baekhyun ကအပြင်ပိုင်းကမာ‌ေကျာချင်‌ေယာင်‌ေဆာင်‌ေန‌ေပမဲ့ အတွင်းပိုင်းကနူးညံ့တယ်ဆိုတာကို Chanyeol သတိထားမိလာသည်။ပြီးတော့ Baekhyun ကအရမ်းကိုအဖော်မက်တယ်ဟုဘဲတွေးမိသည်။ ဘာလို့ဆို နေမကောင်းတဲ့နှစ်ရက်လုံး Chanyeol ကိုသူ့အနားမှာဘဲထားသည်။ တစ်ခါတစ်လေ Baekhyun ရဲ့အထီးကျန်ခြင်းတွေကို မျက်လုံးထဲကနေအသားတိုင်မြင်နေရသည်။Chanyeol သတိမထားမိလိုက်ခင်မှာတော့ Baekhyun ကိုမုန်းချင်နေတဲ့စိတ်ကို Baekhyunကို သနားတဲ့သိတ်ကရိုက်ခတ်ဖယ်ရှားခဲ့သည်။

Bambi (Edit Version)Where stories live. Discover now