4

788 119 2
                                    

"ဝါးးးးးးး"

ပါးစပ်ကိုအကျယ်ကြီးဟလျပ်သမ်းကာ အပျင်း‌ေြကာဆန့်နေရင်း Chanyeolပတ်ဝန်းကျင်ကြည့်လိုက်တော့ သူ့အခန်းကိုပြန်ရောက်နေတဲ့ ခံစားချက်က တကယ်ကိုပျော်ရွှင်စေတယ်။

မနေ့ကအရဲစွန့်ပြီးထွက်ခဲ့တာ လူလဲစိတ်ရောလူရောမောနေတာမို့ အိမ်ကိုရောက်ရောက်ချင်းပင် အိပ်ယာထဲဝင်ထိုးအိပ်လိုက်တော့ 5ရက်လောက် အိပ်ရေးပျက်ခဲ့တဲ့ ဒဏ်ကအခုဆို လူကိုသက်တောင့်သက်သာရှိသွားပြီ။

Chanyeolသူ့ရဲ့သတ်တိရှိမှုကို သဘောကျရင်းဟက်ကနဲရယ်မိလိုက်သည်။ပြီးတော့မျက်နှာပိုးကိုသတ်လျက်ပင် မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲသို့ဝင်ခဲ့သည်။

ဘေစင်ကမှန်ကိုကြည့်တော့ မို့အစ်နေတဲ့ မျက်လုံးကြည့်လျက် Chanyeolသဘောတကျပြုံးမိပြန်သည်။ဒါဟာ သူအိပ်ရေးဝဝအိပ်လို့ဖြစ်လာတဲ့ လက်ခဏာဘဲ။

အမြန်ပင်မျက်နှာသစ်လိုက်ပြီး မနက်ခင်းလုပ်နေကျဖြစ်တဲ့ ပထမအလုပ်လဲဖြစ်တဲ့နွားနို့ပို့တဲ့လုပ်ငန်းကိုစတင်လိုက်သည်။

"ဗျာ!ကျွန်တော်ဆက်မလုပ်ရတော့ဘူး ဟလား"

Chanyeolမျက်လုံးပြူးလျက်ပင် အရှေ့ကလူကြီးအားမေးလိုက်တော့ထိုလူကြီးက နွားနို့ ပို့တဲ့သူတွေအား နွားနို့စက်ကူဘူးတွေဘက်လက်ညိုးညွှန်ပြလျက်ဆိုသည်။

"ဟုတ်တယ် မင်းနေရာကို လူစားထိုးလိုက်ပြီ "

"ဘာလို့လဲ!"

Chanyeolနားမလည်စွာနဲ့မေးတော့ ထိုလူကြီးက သက်ပြင်းချလျက်ဖြေသည်။

"Chanyeol ဦးလေးအခုအလုပ်တွေရှုပ်နေလို့ မင်းစကားကိုဖြေဖို့အချိန်မရှိဘူး ဦး သွားပြီ"

ထွက်သွားတဲ့လူကြီးရဲ့ကျောပြင်ကိုကြည့်လျက်ပင် Chanyeolရပ်ကျန်နေခဲ့သည်။

"ဟူး"

သက်ပြင်းချလျက်ပင် လေးပင်စွာ ထိုဆိုင်ထဲကမှထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ကိုငေးငိုင်စွာကြည့်လျက်ပင် Chanyeolလမ်းလျှောက်နေသည်။ရုတ်သရပ် အလုပ်ပြုတ်သွားတဲ့ ခံစားချက်ကခံရခက်သည်။နှစ်နှစ်ကျော်လုပ်လာခဲ့တဲ့သူ့ကို အခြားအသစ်တစ်ယောက်နဲ့အစားထိုးခြင်းကို Chanyeolဒေါသထွက်နေသည်။

Bambi (Edit Version)Where stories live. Discover now