22

507 65 2
                                    

"အကိုလေး ကျွန်တော့်ကိုခေါ်တယ်ဆို"

"အင်း၊ထိုင်"

ထိုလူထိုင်ပြီးသည်နဲ့ Baekhyunဆုံးဖြတ်ချက်ကို ပြောကြားရန် စကားစလိုက်သည်။

"မနက်ဖြန်ကစပြီး မင်းChanyeolနောက်ကို ထပ်ကြပ်မကွာလိုက်ရမယ်"

"ဟင်၊ အကိုလေး ဘာကိုဆိုလို..."

"ငါ လက်စားချေမှုကို အကောင်းအထည်ဖော်တော့မယ်၊အေး အဲ့အတော်အတွင်း ငါနောက်ဆံမတင်းချင်ဘူး ဒါ‌ေြကာင့်မို့ ငါကော Kim Sojunကော မသိနိုင်တဲ့နေရာကို Chanyeolသွားရအောင် မင်းကူညီပေးပြီး Chanyeolကို အဝေးကနေစောင့်ရှောက်ရမယ်"

Baekhyunရဲ့ ခပ်ပြတ်ပြတ် ပြောသားမှုအောက်မှ ထို Baekhyun လူယုံတော်က ခေါင်းငြိမ့်နာခံရင်းပင် ငြိမ်နေလိုက်သည်။

"ငါထပ်ပြီး ငါချစ်ရတဲ့သူတွေကို မဆုံးရှုံးချင်ဘူး ဒါ‌ေြကာင့်မို့ ကာကွယ်ရမယ် ၊ ပြီးတော့ မင်းChanyeolကို မင်းအသက်နဲ့ရင်းပြီးကာကွယ်ပါ"

"စိတ်ချပါ အကိုလေး၊ အကိုလေး ချစ်ရသူကလဲ ကျွန်တော် ကျေးဇူးရှင်ပါဘဲ ဒါ‌ေြကာင့်မို့ ကျွန်တော် အစွမ်းကုန်ကာကွယ်ပေးပါ့မယ်"

"ကောင်းပြီ"

ပြတင်းမှန်းကတစ်ဆင့်မြင်နေရတဲ့ ထွက်ခါစနေလုံးကြီးအား ကြည့်၍ Baekhyun မနေ့ကအကြောင်းကို တွေးနေမိသည်။ ပြီးတော့ဒီလိုသူ့ဆုံးဖြတ်ချက်ကမှန်ရော မှန်ရဲ့လားဟုလည်း ‌တွေးနေမိသည်။

"အင်း ... ဒါChanyeol ကောင်းဖို့အတွက်ရယ်ပဲ"

Baekhyun တကိုယ်တည်း တီးတိုးရွတ်လျက် အိပ်ယာပေါ်က အိပ်ပျော်ဆဲ ချစ်ရသူဆီ အကြည့်ပို့မိတော့ ဖြူစင်းလွန်းကာ ချောမောလှတဲ့ ချစ်ရသူက Baekhyunရဲ့ မနက်ခင်းကို လှပအောင် ပြုလုပ်ပေးသည်။

ကိုယ်ပေါ်က ခပ်လျော့လျော့ လွှားထားတဲ့ စောင်ပါးလေးအား ပုခုံးကနေလျှော်ကျနေတာမို့ ပြန်ပင့်တင်လိုက်ရင်း ကုတင်ထက် ဖြည်းညင်းစွာ တက်လိုက်သည်။ပြီးနောက် စောင်ပုံထဲ မြုပ်နေအောင် အိပ်နေတဲ့ ချစ်ရသူကို တဝကြည့်ရှုကာ နဖူးခပ်ပြေပြေလေးကို အနမ‌်းခြွေလိုက်သည်။

ဒီလက်စားချေမှုကဘယ်လောက်ထိကြာသွားမယ်ဆိုတာမသိနိုင်ဘူး။ချက်ချင်းအောင်မြင်နိုင်သလို ကျရှုံးသွားတဲ့အခါကျရင်Chanyeolကိုပါထိခိုက်လာနိုင်တယ်။အမြန်ဆုံးChanyeolကိုဒီကနေဝေးရာပို့ပစ်ရမယ်။

Bambi (Edit Version)Where stories live. Discover now