7

653 109 5
                                    

"အပြစ်မရှိတဲ့သူတစ်ယောက်ကို အခုလိုအပြစ်ပေးနေတာ ငါလက်သင့်မခံနိုင်ဘူး Baekhyun"

Chanyeol ဘယ်လိုပြောပြောBaekhyunဆုံးဖြတ်ချက်ပြောင်းမည်မဟုတ်တာ‌ေြကာင့် Baekhyun Chanyeolကိုကြည့်လျက် ပြုံးလိုက်သည်။လှပတဲ့အပြုံးမဟုတ်တဲ့ အေးစက်ပြီး ရက်စက်တဲ့အပြုံး။

"မင်း လက်မခံလဲ ငါမတတ်နိုင်ဘူး Chanyeol မင်းပြောခဲ့တယ်လေ ငါတို့နှစ်ယောက်ဘာမှမဆိုင်ဘူးလို့ အေး... ငါက ငါနဲ့ဘာမှမဆိုင်တဲ့တစ်ယောက်ပြောတဲ့စကားကို နားထောင်မယ်တဲ့လား"

Baekhyun Chanyeolကိုစကားပြောလို့ပြီးသွားတဲ့အခါမှာတော့ ခါးကြားထဲထည့်ထားတဲ့ သေနတ်ကိုဆွဲထုတ်လိုက်သည်။

သေနတ်ကိုမြင်သွားတဲ့Chanyeolက မျက်လုံးပြူးလျက် အံ့ဩသွားသလိ ကြမ်းပြင်ပေါ်ခွေခွေလေစလှဲနေတဲ့ မိန်းကလေးနှစ်ယောက်မှာလဲ ငိုကြီးချပ်မနဲ့တောင်းပန်းနေသည်။

"ငါ့ကို ဘယ်သူ့မှတားလို့မရဘူး ... ငါ့ကို တောင်းပန်လဲ ငါ မသနားတတ်ဘူး "

"Baekhyun မင်းရက်စက်လှချည်လား"

Chanyeol Baekhyun မျက်နှာအား ‌ကြောက်စရာအရာတစ်ခုကို ကြည့်သလို ကြည့်ကာ ပြောတော့ Baekhyun မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"မင်းသိထားတာထက် ငါကပိုပြီး ရက်စက်တယ် Park Chanyeol ... ဒီမြင်ကွင်းကိုဂရုတစိုက်ကြည့်ပေးပါ"

Baekhyun လှဲနေတဲ့ ကောင်မလေးနှစ်ယောက်ဘက်ပြန်လှည့်ရင်း သေနတ်ကို ကောင်မလေးတစ်ယောက်ရဲ့ ဦးခေါင်းတည့်တည့်ကို ချိန်လိုက်သည်။

"Baekhyun ... !!!"

ဒိုင်း*ဒိုင်း*

Chanyeol ခေါ်သံအနောက်မှာတော့ သေနတ်သံနှစ်ခုဟာ ရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့သည်။

သွေးအိုင်ထဲလှဲ‌ေနတဲ့ကောင်မလေးနှစ်ယောက်ကိုကြည့်လျက် Chanyeol သွေးပြက်နေသည်။တဆတ်ထဲ မုန်းတီးစိတ်တွေက တဖွားဖွားမြင့်တက်လာကာ ‌ဘေးနားက လူသေလောင်းနှစ်ခုအား မျက်ပြူးကာစိုက်ကြည့်နေတဲ့ Baekhyun ဆီတရှိန်ထိုးပြေးသွားကာ အင်ကျီကော်လံအား တင်းကြပ်စွာဆုတ်ကိုင်လိုက်ပြီး ထောင့်ကိုကပ်ပလိုက်သည်။

Bambi (Edit Version)Where stories live. Discover now