3

1K 126 13
                                    

"သူအခုထိထွက်မလာသေးဘူးလား"

"ကျွန်မတို့တံခါးခေါက်ကြည့်ပါတယ် ..ဒါပေမဲ့အထဲကဘာမှထူးသံမကြားဘူး"

"ကျစ်!ထားလိုက် နာရီဝက်နေ သွားခေါ်"

"ဟုတ်ကဲ့ အကိုလေး"

Baekhyun အစေခံတွေအားပြောပြီး၍ထမင်းစားပွဲဝိုင်းပေါ်မှထလာခဲ့သည်။Chanyeolနဲ့ထမင်းအတူတူစားရမှာမို့ ကြည်နေတဲ့စိတ်လေးက ခုတော့ရုပ်ချည်းပျောက်ကွယ်သွားခဲ့သည်။

"ဟူး...."

ဘယ်နှခေါက်မှန်းမသိတဲ့သက်ပြင်းရှည်တစ်ခုကို Chanyeolခဏခဏချနေမိသည်။နံရံထပ်ကနာရီလက်တံကလွဲရင် အခန်းထဲမှာတိတ်ဆိတ်နေသည်။

"ငါဒီလိုမျိုးဘဲနေရတာတော့မှာလား"

Chanyeolစိတ်ပျက်ပျက်နဲ့တစ်ယောက်ထဲရေရွတ်ရင်း မနေ့ကအဖြစ်အပျက်က ခေါင်းထဲရုတ်သရပ်ဝင်ရောင်လာသည်။

"အာ!"

မနေ့ကအဖြစ်အပျက်‌ဆိုးက Chanyeolအတွက် အိမ်မက်ဆိုစလိုဖြစ်နေသည်။ဘယ်လိုမှမေ့မပျောက်နိုင်သလို လူတစ်ယောက်ကို လွယ်လွယ်သတ်နိုင်ခဲ့တဲ့ Baekhyunပုံစံကလဲ သိပ်ကို‌ေြကာက်ဖို့ကောင်းလှသည်။ထပ်ပြီးလဲသူ့အားမတွေ့ချင်တော့ အခန်းထဲကမထွက်ဘဲ Chanyeolတိတ်ဆိတ်၍နေနေခြင်းပင်။

"အကိုလေးParkရှင့် အကိုလေးByunကမနက်စာစားမလို့ခေါ်ခိုင်းလိုက်လို့ပါ"

"အိပ်နေတယ် မနိုးသေးဘူး"

ရုတ်သရပ် ယောင်ယမ်းကာထွက်သွားတဲ့အသံ‌ေြကာင့် Chanyeolစိတ်ပိက်ပျက်နဲ့ပင် ငြီးြငူလ်ုက်ပြီး ကိုယ့်ပါးစပ်ကို တပတ်ပတ်နဲ့ရိုက်နေသည်။

"အကိုလေးByunကစောင့်နေတာကြာပြီမို့ အကိုလေးParkထွက်ခဲ့ပေးပါလားရှင်"

အခန်းရှေ့ မိန်းကလေးက ဇွဲမလျှော့ဘဲပြောနေတာ‌ေြကာင့် Chanyeolစဉ်းစားရခက်နေသည်။

"ဟူး ငါတိုက်ရိုက်ရှင်းရမယ်"

ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုပိုင်နိုင်စွာချလျက် ယုံကြည်မှုရှိရှိဖြင့် အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ အစေခံမိန်းကလေးက ဝမ်းသားအားရနဲ့ပြောသည်။

Bambi (Edit Version)Where stories live. Discover now