17

516 76 2
                                    

မနက်ခင်း‌ေရာက်လာတဲ့အခါ Baekhyunသည်အရင်နေ့တွေကလို ကုတင်ကျယ်ကြီးထက်တစ်ယောင်ထဲအိပ်စက်နေခြင်း မဟုတ်ဘဲ ကုတင်ကျယ်ကြီးထင်မှာတော့ နွေးထွေးတဲ့ ရင်ခွင်ပိုင်ရှင်ရယ် ရင်ခွင်ထဲက မှေးစက်နေတဲ့Baekhyun လေးရယ်ဖြစ်သည်။

"အင်းးးးး"

ခွေးပေါက်လေးလိုငြီးရင် မျက်လုံးတွေပွတ်သပ်နေတဲ့ ရင်ခွင်ထဲက ကောင်လေးကို Chanyeolနူးနူးညံ့ညံ့လေးပြုံးကာ ကြည့်နေသည်။

ပါးစပ်ကလဲ ဘာတွေဝါးနေမှန်းမသိ ပလပ် ပလပ်အသံမြည်အောင် ဝါးရင်း Chanyeol ကို ဖက်ခေါင်းအုံးဖက်သလို ဖက်၍ ခြေထောက်နဲ့ခွကာ တသ်ဖန်ပြန်အိပ်သွားပြန်သည်။

"ဟက် ! ငပျင်းလေး"

နှာခေါင်းလုံးလုံးလေးကို ဖွဖွလေးညစ်လိုက်ပြီးChanyeol ပြန်ဖက်လိုက်ပြီး မှေးနေလိုက်သည်။Chanyeol သည် Baekhyunနဲ့မတွေ့ရတဲ့ ငါးရက်အတွင်တော်တော်ပင်လွမ်းနေခဲ့သည်။ ညရောက်တိုင်း ပိုပိုလွမ်းလာလို့ Baekhyunရဲ့ အခန်းထဲသွားပြီး Baekhyunရဲ့ကိုယ်သင်းနံ့စွဲနေတဲ့ ဖက်ခေါင်းအုံး စောင်တို့က ဖက်ကာအိပ်ရသည်။

မနက်နိုးတိုင်း ဘေးနားမှာBaekhyun ကို မောနင်းကစ်စ်မပေးဖြစ်လိုက်တဲ့ ရက်တွေဆို တကယ်ဘဲ Chanyeolအတွက်ကံဆိုးတဲ့နေ့ရက်တွေဖြစ်သည်။ဒါ‌ေြကာင့် မနေနိုင်တဲ့ အဆုံး အဒေါ်ကြီးကိုရော Baekhyunရဲ့ လူယုံတော်တွေကို Baekhyun ရှိတဲ့နေရာအားမေးပြီး Chanyeol ကိုယ်တိုင်ရောက်လာခြင်းဖြစ်သည်။ ဒီရောက်တော့လဲ Mr.Louisဆိုတဲ့သူ အကူအညီဖြင့် Baekhyun အခန်းရဲ့ အပို့သော့ကိုရခဲ့ပါသည်။အခုတော့ သူလွမ်းနေခဲ့တဲ့ ကောသ်လေးသည် သူရောက်နေမှန်းသိသွားရင် ဘယ်လိုတွေဖြစ်သွားမလဲလို့ပင် သိချင်နေသည်။တင်းသထက်တင်းအောင်ဖက်လိုက်၍ ပါးကိုတစ်ဖက်က ရွှတ်ကနဲနမ်းလိုက်ပြီး မှေးစက်လိုက်သည်။

အရင်နေ့တွေက အိပ်ရေးပျက်ခဲ့ရတာ‌ေြကာင့် ညကBaekhyunသည် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်ခဲ့သည်မှာ အရင်နေတွေနဲ့မတူအောင်ပင်။အရင်ကဆို ညရောက်တိုင်း အိပ်ပျော်ပေမဲ့ဘခဏခဏ လန့်လန့်နိုးလာတတ်သည်ာအဲ့ဘိုနိုးလာတိုင်းလည်း ဆက်မအိပ်နိုင်တော့တာမို့ ကော်ဖီတစ်ခွက်ဖျောကာ ဒီဇိုင်းထိုင်ဆွဲနေသည်မှာ ညလုံးပေါက်က‌ေနမိုးလင်းထိပင်။ ညကတော့ Baekhyunတစ်လန့်မနိုးခဲ့ဘဲ အဆင်ပြေစွာအိပ်နိုင်သည်။အခုလဲBaekhyun သည် နေခင်း11:00မှပင်အိပ်ယာထခဲ့သည်။နိုးလာတော့ ကုတင်ခြေရင်းမှာတွေ့လိုက်ရတဲ့ lauggageတစ်ခု‌ေြကာင့် မျက်လုံးပြူးသွားသည်။ပြီးတော့ ရေချိုးခန်းထဲကနေ ကြားနေရတဲ့ရေကျသံ‌ေြကာင့် Baekhyun မျက်မှောင်ကျူံ့မိသွားသည်။

Bambi (Edit Version)Where stories live. Discover now