5

749 116 5
                                    

"Byun Baekhyun!"

ဧည့်ခန်းထဲဝုန်းဒုန်းကြဲဝင်လာတဲ့သူကို ကျွန်တော် ကော်ဖီသောက်နေရင်းမော့ကြည့်လိုက်တယ်။ရှူးရှူးရှဲရှဲ ဒေါသထွက်နေတဲ့သူ့ကို အနောက်က အခိုင်းအစေတွေ ထိန်းလို့မရသည့်မို့ ကျွန်တော်ကို မျက်စိမျက်နှာပျက်ပြီးကြည့်နေကြတယ်။

လက်ထဲက‌ေြကွခွက်အား စားပွဲပေါ်ငြင်သာစွာချလိုက်ပြီး သူ့ကို ဘာလဲဆိုသည့်သဘောဖြင့်မေးဆတ်ပြလိုက်တယ်။

"Byun Baekhyun ခင်ဗျားဘာလို့ ကိုယ့်ဘာကို အေးဆေးမနေနိုင်ရတာလဲ ခင်ဗျား ကျွန်တော်ဘဝထဲဘာလို့ဝင်ပါနေရတာလဲ"

သူ့စကားကိုနားမလည်တဲ့ကျွန်တော့်ကို သူစိတ်တိုတ်ုနဲ့စိုက်ကြည့်ပြီး ထပ်ပြောပြသည်။

"ခင်ဗျား ဘာလို့ ကျွန်တော်အကြွေးတွေဆပ်ခဲ့တာလဲ ခင်ဗျားကို ဘယ်သူဆပ်ခိုင်းလို့လဲ ခင်ဗျားကိုယ့်ဘဝနဲ့ကိုယ်အေးဆေးမနေဘဲ ဘာလို့ သူများဘဝထဲအတင်းဝင်ချင်နေရတာလဲ"

ရယ်စရာမပါတဲ့စကားတစ်ခွန်းပေမဲ့ ကျွန်တော်ဘာ‌ေြကာင့်ရယ်ချင်နေရတာလဲ။ကျွန်တော့်နှုတ်ခမ်းထောင့်ကာ တစ်ချက်ကော့တက်သွားသည်ကို သူမြင်သွားပြီး မျက်ခုံးပင့်သွားသည်။

"မင်းကငါ့သူငယ်ချင်မို့ ငါကူညီခဲ့တာ ငါမှာလား"

"မှားတယ်"

"ဘာလို့!"

"ခင်ဗျားကို ကျွန်တော်အကူညီတောင်းခဲ့သလား ပြီးတော့ သူငယ်ချင်းဆိုတဲ့အရာက ခင်ဗျားဘက်ကတစ်ဖက်သတ်ကြီ‌လေး ကျွန်တော်တော့ခင်ဗျားသူငယ်ချင်းမဖြစ်ချင်ဘူး Byun Baekhyun-ssi"

"Tsk!Park Chanyeol"

ဆိုဖာထက် တည်ငြိမ်စွာထိုင်နေတဲ့Baekhyun Chanyeolစကား‌ေြကာင့် ထိုင်နေရင်း ဆတ်ကနဲထလာပြီး Chanyeolအားစူးရဲစွာ စိုက်ကြည့်လာတော့ Chanyeolမဲ့ပြုံးတစ်ချက်မဲ့လျက်။

"ခင်ဗျားလို Physcoကောင်ကို ကျွန်တော် သူငယ်ချင်းမဖြစ်ချင်ဘူး ထပ်ပြီးပြောမယ် ရှေ့လျှောက်လဲ သူငယ်ချင်းဖြစ်ကြမှာမဟုတ်ဘူး ဒါ‌ေြကာင့် ကိုယ့်ဘဝနဲ့ကိုယ်နေပါ ကျွန်တော့ဘဝထဲဝင်မပါချင်နဲ့"

"...."

"အကြွေးကိုလဲ ကျွန်တော်ရအောင်ပြန်ဆပ်မယ် ခင်ဗျားလိုလူ‌အပေါ် ကျွန်တော် အကြွေးမတင်ခံနိုင်ဘူး ပြီးတော့ ကျွန်တော်အလုပ်နေရာကို ခင်ဗျားဘယ်လိုဘဲ လူစားထိုးပါစေ ကျွန်တော်‌ကတော့ ရအောင်အလုပ်လိုက်လျှောက်မှာဘဲ Byun Baekhyun-ssi"

Bambi (Edit Version)Where stories live. Discover now