14

639 86 6
                                    

ခေါင်းရင်းဘက်ကပြတင်းပေါက်ကဝင်ရောက်လာတဲ့နေရောင်ခြည်ကြောင့် အိပ်မောကျနေတဲ့ ပိစိလေးက အနည်းငယ်လှုပ်ရွလာတာမို့ Chanyeol ခင်ဗျာထပြီးပြတင်ပေါက်ကိုပိတ်ပေးရသေးသည်။

နေရောင်ပျောက်တော့မှဘဲ ကောင်လေးက ဟောက်သံလေးထွက်ရင် ပြန်‌အိပ်မောကျသွားသည်။ရင်ခွင်ထဲကကောင်လေးအား Chanyeol မနှိုးစေချင်သေးပါ။ကောင်လေးရဲ့အလှက အများနဲ့မတူ အခြားယောကျာ်‌းတွေလိုမဟုတ်ဘဲ သေးသေးသွယ်သွယ်လေးနဲ့လှပနေသည်ကို Chanyeol တဝကြီးကြည့်ချင်သေးသည်။

ဒီလိုမျိုးလှပတဲ့သူက တစ်ခါတစ်လေ ဘာကြောင့်များ ဆိုးသွမ်းနေတာလဲဟုသိချင်မိသည်။Baekhyunရဲ့အတိတ်ကြောင့် ယခုလိုဆိုးသွမ်းနေခဲ့မယ်ဆိုရင် အဲ့အတိတ်ကိုမေ့သွားအောင်ကို Chanyeol ချစ်ပေးမည်။Baekhyunရဲ့ အတိတ်ဆိုးတွေကို Chanyeol အချစ်တွေနဲ့ ဖျောက်ပေးမည်။

ဒါကြောင့် ဒီကောင်လေးထပ်ပြီး မဆိုးစေရန် Chanyeolကိုယ်တိုင် ထိန်းကွပ်ပေးမည်ဟုတွေးရင်း ဆံပင်လေးတွေဝဲကျနေတဲ့ နဖူးလေးအား ဖွဖွနမ်းလိုက်ပြီး Morning kissပေးလိုက်သည်။

နောက်တစ်ဖန်Chanyeolပြန်အိပ်ဖို့ကြိုးစားလိုက်ပြီး ရင်ခွင်ထဲကကောင်လေးအား ပိုတိုးလို့ပင် ဖက်၍ ပြန်မှေးစက်လိုက်သည်။

"သခင်လေး Byun လည်ပင်းကဘာဖြစ်ထားတာလဲ ... ခြင်ကိုက်တာလား ...ကျွန်မခြင်ဆေးဖျန်းလိုက်ရမလား"

အောက်ထပ်ဆင်းလာတဲ့Baekhyunကအနားရောက်လာကာ ပြူးပြူးပြာပြာနဲ့လာမေးတဲ့အဒေါ်ကြီး‌ေြကာင့် မျက်လုံးပြူးပြီး ကိုယ့်လည်ပင်းကိုပင် လက်နဲ့အုပ်လိုက်ရသည်။

"အယ် ... ဟို ... ရတယ် မလုပ်နဲ့ အဲ့ခြင်ကို ကျွန်တော် သတ်လိုက်ပြီ"

အသံကိုထိန်းပြီးပြောတာတောင် အနည်းငယ်တုန်ခါသွားတာမို့ Baekhyun ကိုအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ရသည်။

"အဆင်ပြေရဲ့လား ထပ်ရှိသေးရင် ဘယ်လိုလုပ်မလဲ ... သခင်လေးကို ထပ်ကိုက်ရင်ရေ"

"ဟမ်...ရတယ် ရတယ် ... ကျွန်တော်အဆင်ပြေတယ်"

"တကယ်ပါဘဲ ... အဲ့ခြင်ကတကယ်ဆိုတယ်နော် Baekhyun ကို မကြောက်မရွံကိုက်သွားရတယ်လို့"

Bambi (Edit Version)Where stories live. Discover now