12

663 103 6
                                    


"Baekhyun"

Baekhyun ခါးပေါ်ကိုဖက်ထားတဲ့ ထိုမိန်းကလေးရဲ့လက်ကို Chanyeolစိုက်ကကည့်၍ခေါ်လိုက်သည်။Baekhyun ကတော့ ခေါင်းငိုက်စိုက်ရင်း ‌မိနိးကလေးရဲ့ပုခုံးပေါ်လက်တင်ထားသည်။

"ဒီမှာရှင့် ... Baekhyun အခန်းဘယ်မှာလဲ ကျွန်မလိုက်ပို့မလို့"

ထိုမိန်းကလေးစကား‌ေြကာင့်Chanyeol မျက်ခုံးပင့်မိသွားသည်။

"ဒီမှာ မေးနေတယ်လေ ... ဘယ်လိုအလုပ်သမားလဲဟ ... အနေတာလား "

Chanyeol ကိုပွစိပွစိပြောနေတဲ့သူမကို လျစ်လျူရှုရင်း သူမလက်ထဲက Baekhyun ကို ခေါ်မယ်လုပ်တော့ ရိုက်ပုတ်ခံလိုက်ရသည်။

"ဖယ်စမ်း ... ငါ့အသားကိုလာမထိနဲ့"

မူးမူးရူးရူးနဲ့ရုန်းကန်နေတဲ့ Baekhyun ကို သူမလည်းမနည်းထိန်းနေရသည်။ ဂါဝန်‌ေပါင်တို ကိုယ်ကျပ်နဲ့ လယ်ဟိုက်ဝတ်ထားတာမှ မမြင်ကောင်းတဲ့အရာတွေကအထင်းသပေါ်နေသည်။

Tsk!အမြင်ရိုင်းလိုက်တာ ...။

"Baekhyun လာပါ ကိုယ့်ဆီ လာပါကွာ"

"မလာဘူးကွာ ... ငါ့အသားကိုမထိနဲ့လို‌့ပြောနေတယ်နော် "

Chanyeol ကအတင်းဆွဲခေါ်လေ Baekhyun ကငြင်းလေ။

"Baekhyun ကမလိုက်ချင်တာကို ဘာလို့အတင်းခေါ်နေရတာလဲ ... ကျွန်မဘဲလိုက်ပို့မယ် "

အရှေ့ကသူမကလဲ အသဲအသန်လိုက်ပို့မည်ပြော Chanyeol ကလဲ သူမလက်ထဲထည့်ပေးလိုက်ရမှာကို သဘောမကျ။စိတ်ညစ်ညစ်နဲ့ အရှေ့က Chanyeol ရင်ဘက်လောက်သာ ရှိတဲ့ ပူးကပ်နေတဲ့ဂျပုနှစ်ယောက်ကို ဂုတ်ကနေဆွဲပြီး ခွာပလိုက်ချင်သည်။

"taetaeလေးဘဲ ခေါ်သွားနော် ကိုယ့်ကို "

အမူးသမားလေးက Chanyeol ကိုသွေးတိုးစမ်းနေသည်။သူမဟုတ်တဲ့ အခြားမိန်းကလေးတစ်ယောက်ရဲ့ အသားကိုထိတာ Chanyeol ငြိမ်ခံနေရတာ အဆင်မပြေ။မျက်လုံးမှိတ်ကာ အသက်ကို ဝဝရှူလိုက်ရင်း။

"တော့်တော့ ! ဖယ်စမ်း ငါ့လူကို မျှော့လိုလာတွယ်မနေနဲ့"

"အမယ်လေး"

ဇိုးဇိုးဇက်ဇက်နဲ့ဘဲ ထိုဂျပုနှစ်ယောက်ကြား Chanyeol ဝင်လိုက်ပြီး သူမကိုတော့ဖင်နဲ့တိုက်ပလိုက်၍ Baekhyun ကိုတော့ ဆွေ့ကနဲကောက်ချီလိုက်သည်။

Bambi (Edit Version)Where stories live. Discover now