EP 2

1.5K 112 8
                                    

  လူကြီးတွေက တတောက်တောက်နဲ့အလုပ်ရှုပ်နေကြသလို ကလေးနှစ်ယောက်ကလဲ တလှုပ်လှုပ်နဲ့ဆော့ကစားနေကြတယ်။

  "အသဲလေး ဒီနေ့အသဲလေးမွေးနေ့ဆို ကိုကိုက အသဲလေးကို လက်ဆောင်ပေးမယ်နော်.."

   "ခစ်ခစ် ကိုကို ... ကိုကို.."

   "ဒီမှာ အသဲလေးကို ကိုကိုအရမ်းကြိုက်တဲ့လက်စွပ်လေးပေးမယ် အသဲလေးကြီးလာရင် အသဲလေးက ဒီလက်စွပ်လေးယူပြီး ကိုကို့ဆီလာခဲ့ အသဲလေးကို ကိုကိုက အင်းးး ဒယ်ဒီနဲ့မာမီလိုအတူတူနေပြီး အသဲလေးလို ချစ်စရာကောင်းတဲ့ဘိုမရုပ်ကလေးတွေမွေးကြမယ်လေ ... သိမ်းထားနော်"

   မှူးခေါင်ရဲ့ တီတီတာတာစကားသံတွေကို ဘိုမရုပ်လေးက ခေါင်းလေးတလှုပ်လှုပ်နဲ့ တခစ်ခစ်ရယ်ရင်းနားထောင်နေတယ်။မှူးခေါင်လဲ ဘိုမရုပ်လေးလက်ကို အသာယူရင်းသူ့ဘိုးဘိုးဝယ်ပေးထားတဲ့ သူသိပ်ကြိုက်တဲ့လက်စွပ်လေးကို စွပ်ပေးလိုက်တယ်။

   "ဟင် ပြုတ်ကျသွားပြီ အော် အသဲလေးလက်က ပိစိလေးကို ဘယ်ဝတ်လို့ရပါ့မလဲ ခဏလေးထိုင်နေနော်..."

  မှူးခေါင်းကအိမ်ထဲတွင် သူတို့စားဖို့အတွက်ချက်ပြုတ်ပေးနေသော လေးပိုင်ဆီအပြေးသွားရင်း ဘိုမရုပ်လေးကိုလက်စွပ်စွပ်ပေးဖို့အကြံတောင်းရသည်။လေးပိုင်က သူ့ရဲ့မြောက်မြားစွာသောAccessoriesတွေထဲကမှ ဒီဇိုင်းလှလှနဲ့ကြိုးကျစ်ကျစ်လေးမှာ မှူးခေါင်ရဲ့လက်စွပ်လေးကိုထည့်ပေးတယ်။မှူးခေါင်လဲ လက်စွပ်ကလေးပြုတ်မကျစေရန် အသေအချာကိုင်ပြီး ချစ်စရာကောင်းတဲ့အသဲလေးဆီအပြေးပြန်လာခဲ့တယ်။

  ကြည့်ပါဦး ဒီကလေးလေးက သိပ်ချစ်စရာကောင်းတာပဲ။ဆံပင်နီနီလေးက ဂုတ်ဝဲလေး ။အနောက်ကြွက်မှီးရှည်ရှည်လေးက ကျောလယ်လောက်ရောက်နေပြီ။နှုတ်ခမ်းနီနီလေးကလဲ ပွစိပွစိနဲ့ ဘာတွေအလိုမကျနေလဲမသိ။မျက်တောင်ရှည်တွေကလဲတလှုပ်လှုပ်နဲ့။မှူးခေါင်းသူ့အနားရောက်သွားတော့ မျက်လုံးကလေးလှန်ကြည့်ပြီး ရှေ့သွားလေးတွေပေါ်အောင်ရယ်ပြသည်။

   "အသဲလေး ကိုကို့ကို အာဘွားပေး "

   မှူးခေါင်ပါးလေးတိုးကပ်ပေးလိုက်တော့ စိုစိုအိအိနှုတ်ခမ်းလေးက မှူးခေါင်းပါးပြင်လေးပေါ်ရောက်လာသည်။

LOVE WARNING ⚠️[Complete]Where stories live. Discover now