23

969 66 30
                                    

🎶🎶  I've been reading books of old

  The legends and the myths

  Achilles and his gold

  Hercules and his gifts

  Spider-man's control

  And batman with his fists

And Clearly I don't see Myself upon that list

She said where'd you wanna go?

How much you wanna risk?

I'm not looking for somebody with some superhuman gifts

Some superhero some fairytale and bliss

Just something I can turn to, somebody I can kiss

I want something just like this!!!! 🎶🎶

အခုကAutumnကိုသွားနေတာဖြစ်ပြီး လမ်းအနည်းငယ်ပိတ်နေတာကြောင့် ပျင်းလာတာနဲ့Radioဖွင့်ကာနားထောင်နေခြင်းဖြစ်သည်။ Radioမှာလာနေတဲ့သီချင်းလေးကို အက္ခရာလိုက်ဆိုနေတုန်း

  "ကြိုက်တယ်ပေါ့.."

  "အင်း.."

  "ညကျရင်ထပ်ဆိုပြဦးနော်..နားထောင်လို့ကောင်းတယ်..."

  "No...."

  "ဟက်ဟက် ချက်ချင်းကိုငြင်းတာပဲ။ ဆိုင်ကအပြန်ဘယ်ဝင်ချင်သေးလဲ..."

  "မဝင်တော့ပါဘူး..."

  "အိမ်မှာ ဘာမှစားစရာမရှိဘူးမလား ဈေးနည်းနည်းဝယ်ရမှာပေါ့...ပြီးရင် ညညကျဗွေထထဖောက်တာဘယ်သူတုန်း..."

  "ဘယ်သူတုန်း..."

"အေးနော် ဘယ်သူပါလိမ့်..."

"သိဘူး.."

  ကားထဲမှာ ကိုကို့ရယ်သံကလွှမ်းသွားသည်။ဒီနေ့ကစပြီးအက္ခရာရဲ့တိုက်ခန်းလေးမှာပဲ ပြန်နေကြတော့မှာပါ။ကျောင်းပိတ်လဲ ကျောင်းစာကြည့်တိုက်ကဖွင့်တာမို့ စာလေ့လာလို့လဲရတယ်လေ။ကိုကိုကလဲ စဖွင့်ပြီဖြစ်တဲ့ကျောင်းရှေ့ကAutumnကိုပဲ ဦးစီးတော့မည်ဖြစ်သည်။နောက်ထပ်ဆိုင်သစ်တစ်ခုနဲ့ မြို့ထဲကAutumnကတော့ ကိုကို့သူငယ်ချင်းတွေကတာဝန်ယူသည်။Autumnက မြို့တော်ပွဲတွေအတွက်တောင်အမြဲအချိုပွဲတာဝန်ယူရသည်မို့ ရောင်းအားအရမ်းကောင်းပြီး orderအရေအတွက်က တစ်နေ့တစ်နေ့နည်းတာမဟုတ်။ကိတ်ဆရာတွေလဲ အများကြီးရှိကာ ယခုလိုစနေနေ့တိုင်း ဝယ်ယူမှုအများဆုံးစားသုံးသူတွေထဲက တစ်ယောက်ကိုမဲဖောက်ကာ ကိတ်မုန့်လုပ်နည်းသင်ပေးလေ့ရှိသည်။ဒီနေ့ကတော့ အက္ခရာအရသာစုံကိုမြည်စမ်းဖို့လိုက်လာခြင်းဖြစ်သည်။

LOVE WARNING ⚠️[Complete]Where stories live. Discover now