"အန်ချင်နေသေးလား.."
"ဟင့်အင်း.."
မှူးခေါင်ကိုတောက်တဲ့လေးလိုကပ်နေတဲ့ကောင်ငယ်လေး။နေမကောင်းသည့်အပြင်ခရီးပါပန်းနေတာမို့ မျက်တွင်းတွေကျကာညိုနေသည်။မျက်တောင်ရှည်တွေကို ထမ်းပိုးရတာ ဒီတစ်ခါတော့အတော်ပင်ပန်းနေပုံနှင့် မျက်လုံးလေးကစင်းကျနေပြီ မျက်ဝန်းနီနီတို့ကိုတစ်ဝက်မျှသာမြင်ရသည်။နှုတ်ခမ်းနီထွေးထွေးက အနည်းငယ်ခြောက်သွေ့ပြီးဖျော့တော့နေပေမယ့် အနီဖျော့ဖျော့အရောင်ကိုဆောင်နေဆဲ။
"မိုးမချုပ်ခင် ခဏလမ်းလျှောက်ရအောင်လေ ကားပေါ်လဲတစ်ချိန်လုံးအိပ်လာတာ အညောင်းမိနေမယ်..."
"အင်း.."
ရှူးအဖြူရောင်လေးကိုကိုယ်တိုင်စီးပေးပြီး မတ်တပ်ရပ်ခိုင်းလိုက်သည်။ဒီဇိုင်းကာလာဘာညာအနေအထားကိုကြည့်ပြီး အနည်းငယ်တော့ရယ်ချင်သွားသည်။ဦးလေးကြီးပေးထားတဲ့ အညိုရောင်ချည်ထည်အကွက်ကြီးနှင့်ဘောင်ဘီအညိုကြီးကြားက ဖြူဖြူကြည်ကြည်ကောင်လေး။အင်္ကျီမှာ လည်ပင်းချောင်နေပြီး လည်တိုင်ဖြူဖြူလေးအပြင်ညှပ်ရိုးလေးတွေပါတစ်စွန်းတစ်စပေါ်နေသည်။စီးထားတဲ့ဖိနပ်က adidasအဖြူလေးနှင့်။ အဟား ခေတ်သစ်သူကြီးသားလေးလား။
မှူးခေါင်ကအရှေ့ကနေသွား အက္ခရာကအနောက်ကနေလိုက်ပြီး မုန့်ညင်းဘောင်တွေနဲ့အဝါရောင်ပန်းခင်းကြားကလမ်းလေးကိုလျှောက်လာကြသည်။ကားအသွားအလာမရှိသည့်အပြင်လျှပ်စစ်မီးတောင်မသုံးသည့်အရပ်မို့ လေရှုရတာအလွန်ကောင်းပြီး လူကပါလန်းဆန်းတက်ကြွလာသည်။တောင်တန်းတွေကိုနောက်ခံထားသည့် တဲအိမ်ကလေးကို အဝေးကကြည့်ရတာသိပ်လှတာပဲ။မှတ်တမ်းတင်စရာတစ်ခုခုရှိရင်သိပ်ကောင်းမှာ။
မှူးခေါင်အတွေးလွန်ပြီး အနောက်လှည့်မကြည့်ဘဲ တစ်ယောက်တည်းအတန်ကြာလျှောက်လာပြီးမှ နောက်ကခြေသံဖွဖွလေးမကြားရတော့သည်ကိုသတိရသည်။အနောက်လှည့်ကြည့်တော့ တော်တော်လှမ်းလှမ်းမှာ ငုတ်တုတ်လေးထိုင်ကာခေါင်းငုံ့နေသည့်ကောင်လေး... အစိမ်းနဲ့အဝါကြားက အနီရောင်ကောင်ငယ်လေးက တောင်တန်းနောက်ခံနေဝင်ချိန်မှာ အရမ်းလှပတဲ့ပန်ချီကားတစ်ချပ်လိုဖြစ်နေသည်။
YOU ARE READING
LOVE WARNING ⚠️[Complete]
Romance[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...