ဒေါသရောင်လင်းလက်နေသော မျက်ဝန်းနီနီတို့ကိုစူးစိုက်ကြည့်နေရင်း တစ်စုံတစ်ခုကိုအတွေးပေါက်သွားပြီး ပြုံးမိသွားသည်။သူ့အပြုံးကိုမြင်သွားတဲ့ မျက်ဝန်းနီနီပိုင်ရှင်ကတော့ မျက်မှောင်ကြုတ်လာတဲ့အထိ စူးစူးရဲရဲပြန်စိုက်ကြည့်လာသည်။သူ့အတွေးကတခြားတော့မဟုတ်ပါဘူး။ဒေါသထွက်နေတဲ့မျက်ဝန်းနီနီတွေကလဲ သူ့နှလုံးသားကိုတဒုန်းဒုန်းတဒိုင်းဒိုင်းခုန်အောင်စွမ်းဆောင်နိုင်တယ်လို့..
"လူရှင်တဲ့နေရာ ခဏသွားရအောင် ဒီနားကဆူညံလွန်းတယ်.."
ပြန်ဖြေသံကိုမစောင့်တော့ဘဲ လက်ဆွဲခေါ်ပြီးလူရှင်းမဲ့နေရာကို ရှာနေလိုက်သည်။ဟော တစ်နေရာတွေ့ပြီ။ရေတံခွန်အတုလေးနှင့်ဆက်ရပ်ရှိနေသော ရေကန်။အပြင်ဘက်မှာရှိနေတဲ့ရေကန်ဆိုပေမဲ့သန့်ရှင်းရေး အမြဲလုပ်တာကြောင့် ကြည်လင်နေပြီး လူတစ်ရပ်ကျော်မြင့်သည်။ကျောင်းသားတွေစုရုံနေတဲ့နေရာနှင့်မဝေးပေမဲ့ မီးရောင်အနည်းငယ်သာထွန်းထားပြီး ဘေးတွင်သစ်ပင်တွေများတာကြောင့် ဘယ်သူမှမသွားကြပေ။
ထိုနေရာထိလက်ဆွဲခေါ်လာတော့ နောက်ကလိုက်လာသည်။
ထိုနေရာရောက်မှ လက်ကိုလွှတ်ကာ မျက်နှာချင်းဆိုင်လိုက်သည်။သူကမျက်နှာချင်းဆိုင်လိုက်ပေမဲ့ မျက်ဝန်းနီနီပိုင်ရှင်ကတော့ လှည့်ထွက်ကာ ရေကန်နားထိထွက်သွားသည်။မှူးခေါင်လဲ ထိုကောင်လေးရပ်နေရာဆီလိုက်သွားပြီး ရေကန်ဘက်လှည့်နေသောကောင်လေးအား မျက်နှာချင်းဆိုင်ပြန်ဆွဲလှည့်လိုက်သည်။
"နေ့လည်က ဘာလို့စောင့်မနေတာလဲ.."
"ပျင်းလို့..."
"ဪ ကိုယ့်မှာတော့ အလျှင်စလိုနဲ့ဖြေပြီးထွက်လာရတယ်။ကိုယ်ဆုံးရှုံးသွားတဲ့အမှတ်တွေအတွက် ဘာပြန်လျှော်ပေးမလဲ.."
"Why? ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး.."
"ထားပါ နေ့လည်ကသူကဘယ်သူလဲ မင်းကဘာလို့ရယ်ပြနေတာလဲ.."
"နေ့လည်ကလူ...ဘယ်သူလဲ..."
"ကျွတ် မသိချင်ယောင်မဆောင်နဲ့ မင်းလေးသိတယ်ဆိုတာ ကိုယ်သိတယ်.."
BẠN ĐANG ĐỌC
LOVE WARNING ⚠️[Complete]
Lãng mạn[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...