Introduction
5.8K 154 5
  ခေတ်သစ်မော်ဒန် ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။မင်းတို့သိပ်ကြိုက်ကြတဲ့ Happy Endingလေးပေါ့။စိတ်ဝင်စားရင် ဆက်ကြည့်။
လောကကြီးရဲ့သဘောတရားအရအချိုတစ်လှည့်အခါးတစ်လှည့်။တစ်ခါတစ်ရံအလွန်ပျော်ရွှင်ရမယ်။တစ်ခါတစ်ရံတော့ ဝမ်းနည်းရမယ်။ချယ်ရီပန်းကလေးတွေအစွမ်းကုန်ပွင့်လန်းတဲ့အချိန် စိတ်ကြည်နူးပျော်ရွှင်ရသလို ချယ်ရီပန်းကလေးတွေကြွေကျချိန်မှာတော့ဝမ်းနည်းကြသလိုမျိုးပေါ့။ ပုံပြင်လေးက အရမ်းကြီးတော့ မထူးဆန်းပါဘူးနော်။ရိုးရှင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပါပဲ။
အခြားသော ကြားဖူးနေကြပုံပြင်တွေလို သနားစရာကောင်းတဲ့မင်းသမီးကို မင်းသားလေးကကယ်တင်ခြင်းမျိုးတော့မဟုတ်ပါဘူးကွယ်။ဒီပုံပြင်လေးမှာ အကျင့်ယုတ်တဲ့စုန်းမကြီးလဲပါမှာမဟုတ်ပါဘူး။
ဒီပုံပြင်လေးက တောင်ပေါ်မြို့‌လေးတစ်မြို့ကိုအခြေခံထားပြီး ရွှေဘုံစံမင်းသားလေးနှစ်ယောက်ရဲ့ ချစ်ခရီးလမ်းကိုပုံဖော်ထားခြင်းမျိုးပါပဲ။
👇👇👇👇
သူမွေးတဲ့နေ့မှာထူးထူးခြားခြား ချယ်ရီပန်းတွေပွင့်ပြီး သူကိုယ်တိုင်ကလဲ ချယ်ရီပန်းတွေကိုသိပ်ကြိုက်နှစ်သက်တဲ့ သွဲ့ထူးအက္ခရာ။
ပန်းတွေကိုမနှစ်သက်ပေမဲ့ ချယ်ရီပန်းကြိုက်တဲ့ကောင်လေးကိုချစ်မိသွားတာ‌ကြောင့် ချယ်ရီပန်းကိုပါကြိုက်နှစ်သက်မိသွားတဲ့ စဝ်အုပ်မှူးခေါင်။
သူတို့ဘာတွေဆက်ဖြစ်ကြမလဲ.....
[AN/ Thirdရဲ့ Love Warningသီချင်းနားထောင်ရင်း ရေးချင်စိတ်ပေါက်သဖြင့် ရေးချင်းဖြစ်သည်။ ]
👇👇👇👇
LOVE WARNING ⚠️[Complete]Där berättelser lever. Upptäck nu