EP 24

897 67 39
                                    

ညစ်ပေနေသောကိုယ်လေးအား ရေနွေးနွေးစိမ်ပေးကာဆေးကျောပေးနေပေမဲ့ မျက်လုံးစုံမှိတ်ပြီးရှိုက်သံတွေမှတပါးအခုချိန်ထိတစ်ခွန်းမှဟမလာသေး။အရုပ်ကလေးလိုငြိမ်သက်ပြီး လက်ကလေးတစ်ချောင်းပင်မလှုပ်။ဒဏ်ရာတွေကိုကြည့်ရင်း သူတောင်နာကျင်လာရသည်။ဒီခွေးကောင် ဘယ်လိုစိတ်နဲ့လုပ်ရက်တာလဲ...

   ရေစက်တွေကိုတပတ်လေးနှင့်အသာအယာသုတ်ပေးရင်း ဆေးကိုဘယ်လိုလိမ်းပေးရမလဲစဉ်းစားနေရသည်။သူကိုက်ထားတာ တစ်ကိုယ်လုံးလေ။ရေနွေးနဲ့ဆေးထားတာပဲ သွားဆိပ်တွေတော့မတက်လောက်ပါဘူး။

  "အက္ခရာ အင်္ကျီဝတ်ရအောင် ပြီးရင်တစ်ခုခုစားပြီးဆေးသောက်မယ်နော်..."

  အင်းမလုပ်အဲမလုပ်ပေမဲ့ ငြိမ်နေတာကြောင့် လက်ခံတယ်ယူဆပြီး ညဝတ်အင်္ကျီအပွလေးကိုယူလိုက်သည်။ခွေခေါက်နေတဲ့ခန္ဓာကိုယ်လေးကို ထူကာသူ့ကိုယ်မှာမှီလိုက်ပြီးကလေးပေါက်စလေးကို အင်္ကျီဝတ်ပေးသလိုငြင်ငြင်သာသာလေးဝတ်ပေးနေမိသည်။ဘောင်းဘီဝတ်ပေးဖို့ ခြေထောက်လေးမလိုက်တဲ့အချိန်မှာ ပြဿနာကစတာပါပဲ။"နာတယ်"ဆိုပြီးအော်ငိုတော့တာပဲ။စဝ်အုပ်မှူးခေါင်ကိုယ့်အပြစ်နဲ့ကိုယ် ချော့ပဲချော့ရတော့မလိုလို ဘောင်းဘီပဲဆက်ဝတ်ရမလိုလိုဖြစ်သည်။‌ဆေးလိမ်းပေးရအောင် သူဆေးသွားမဝယ်ရသေး။မျက်လုံးစုံမှိတ်ပြီး‌ငိုသံတွေကိုလျစ်လျူရှု့ကာ ဘောင်းဘီအပွလေးအမြန်ဝတ်ပေးလိုက်သည်။ပြီးတာနဲ့ သူရေချိုးဖို့အမြန်ပြင်ရသည်။ညတုန်းကတွေ့တဲ့အဝတ်ကောက်စွတ်ထားတာ အခုသေချာကြည့်မှာအက္ခရာရဲ့အဝတ်တွေဖြစ်နေသည်။

   ရေချိုးမယ်ဆိုမှ တစ်ကိုယ်လုံးညောင်းကိုက်နေတာကိုသတိဝင်သည်။မနေ့ညက ဆက်ပြီထိတွေ့ချင်မှာကြောက်လို့အက္ခရာကိုစောင်နဲ့ပတ်ပြီး သူငုတ်တုတ်ထိုင်ရင်းကနေဘယ်လိုအိပ်ပျော်သွားလဲသူမမှတ်မိ။ရေချိုးကန်ထဲဝင်စိမ်မှ နောက်ကျောက ဆပ်ပြာနဲ့ထိပြီးစပ်ဖျင်းဖျင်းဖြစ်လာသည်။နှစ်ယောက်စလုံးမနူးမနပ်နဲ့ပထမအကြိမ်မှာ ဗလောင်းဗလဲတွေဖြစ်ကုန်ကြသည်။နောင်တရလားဆိုရင်တော့ အင်း မရဘူး ။နားထဲမှာပြန်ကြားယောင်လာတဲ့ ငိုညည်းသံအချို့ကြောင့် ပီတိဖြစ်လာပြန်သည်။နောက်ဆုံးတော့ အက္ခရာကို စိတ်အားနဲ့ရော လူအားနဲ့ပါပိုင်ဆိုင်ခွင့်ရပြီ။ချစ်တဲ့သူကိုအပိုင်ရတဲ့ခံစားချက်ကတော့ ဟူးးး ထပ်မတွေးနဲ့တော့ ထပ်ဒုက္ခရောက်တော့မယ်။ရေချိုးပြီးတာနဲ့ အဝတ်မြန်မြန်လဲကာ ဆေးဆိုင်ပြေးရပါသည်။

LOVE WARNING ⚠️[Complete]Onde histórias criam vida. Descubra agora