" အက္ခရာ မင်းကျောင်းမလာခင် Marketကနေ Almond၅ဘူးနဲ့ Chocolate powder၅ထုပ်ဝင်ဝယ်ခဲ့"ဆိုတဲ့ ဥက္ကဌကြီးရဲ့အမှာစကားအရ သူ့အိမ်နှင့်တောင်နှင့်မြောက်ဖြစ်သော supermarketဆီသို့ အရင်သွားရသည်။ဒီနေ့ပန်းချီအသင်းက ကျောင်းအဝင်ကboardတွေမှာ ပန်းချီဆွဲရမည်ဟုလဲ စာပို့ထားသည်။နေ့လည်ဆို နေပူတာကြောင့် မနက်စောစောနှင့်ညနေဆွဲမည်ဆိုပြီး စောစောလာရန်လဲခေါ်ထားသည်။ဒါပေမဲ့ ဥက္ကဌဆိုတဲ့လူကြီးက သူမှာတာမပါရင် TTMYရာထူးကနေဖြုတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့်အက္ခရာလေးခမျာ ကြောက်လန့်ပြီးသူ့ရဲ့ဆံပင်နီနီလေးတွေကိုပင် ဖီးချိန်မရဘဲSupermarketဆီရောက်လာရသည်။ကိုကိုက အခုတလောကျွန်တော့်ကိုအရမ်းဂရုစိုက်နေသလိုခံစားရတယ်။ကိတ်ဖုတ်နည်းလဲစိတ်ရှည်ရှည်နဲ့သင်ပေးတယ်။မနေ့က orderတစ်လုံးရှိတာကို ကိုကိုကသူ့ကိုလုပ်ခိုင်းတယ်။အဲ့တာကြောင့်ကိုကိုနဲ့ အဆင်ပြေနေချိန် ကိုကိုစိတ်ခုမှာ သူမလိုလားပါဘူး။
Almondက အခြမ်းလား အစေ့လိုက်လားမသိသဖြင့်နှစ်မျိုးလုံးယူလိုက်သည်။ဒါပေမယ့် ချောကလက်အမှုန့်မှာ တံဆိပ်မျိုးစုံဖြစ်နေသဖြင့် ဘာယူလို့ယူရမှန်းမသိဘဲ အက္ခရာဦးနှောက်ခြောက်နေရသည်။ဒါနဲ့ပဲ ဆိုင်ကဝန်ထမ်းကို မေးပြီး အစစ်ဆုံးအမှုန့်ကိုယူခဲ့သည်။ဒီအထိအဆင်ပြေနေပါသေးသည်။
ကျောင်းရောက်တော့ပန်းချီအသင်းမှအဖွဲ့ဝင်များသည် သူ့နေရာနှင့်သူ နေရာယူပြီး စတင်ပြီးပန်းချီဆွဲနေကြပြီ။ဒုတိယခေါင်းဆောင်မှ အထုတ်အပိုးတွေနှင့်အက္ခရာကိုမြင်တော့ အက္ခရာဆီပြေးလာကာ အထုတ်တွေကူကိုင်လာသည်။
"သွဲ့ထူးအက္ခရာ ဘယ်လိုဖြစ်တာလဲ မင်းဆီမနေ့ကစာမရောက်ဘူးလား.."
"ရောက်ပါတယ်ခေါင်းဆောင် ဒါလေးသွားထားပြီးတာနဲ့ကျွန်တော်မြန်မြန်လေးပြန်လာခဲ့ပါ့မယ်။ဟိုပန်းချီကိုလဲ သူများပြီးတဲ့အချိန်ပြီးအောင်ဆွဲပါ့မယ်.."
"ကဲပါ မင်းတစ်ယောက်တည်းဘယ်နိုင်ပါ့မလဲ..ငါလိုက်ပို့ပေးမယ် ဒါဘယ်ကိုပို့မှာလဲ.."
"ရပါတယ်ခင်ဗျ ခေါင်းဆောင်အလုပ်တွေပိုကုန်ပါ့မယ်..."
"မပိုပါဘူး စီနီယာတွေဆိုတာ ဂျူနီယာလေးတွေကို ကူညီရမယ့်တာဝန်ရှိတယ်လေ.."
YOU ARE READING
LOVE WARNING ⚠️[Complete]
Romance[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...