မျက်လုံးကိုဝအောင်ပွတ်ပြီးမှ ဗိုက်ပေါ်ကခပ်တည်တည်ပင်ထကာ ယိုင်တိုင်တိုင်နဲ့ရေချိုးခန်းထဲဝင်သွားသည်။စဝ်အုပ်မှူးခေါင်ကို တစ်စိကလေးမှအရေးမလုပ်သွားပေ။အဲ့တော့စဝ်အုပ်မှူးခေါင်မှာလဲ လက်မောင်ကိုကွေးကာထွက်လာတဲ့ဗလကြီးကိုကြည့်ပြီး အားရဝမ်းသာပြောလိုက်သည်။
"ဟွိုက်တင်း..."
"ကြာဆံဟင်းခါ?... မေမေမနက်စာကိုဘာလို့ဒါလာကျွေးတာလဲ နေ့လည်တို့ ညနေတို့ဆိုတော်သေး.."
"ပါးစပ်ပိတ် အားနေလို့ကျွေးတာမဟုတ်ဘူး အတိတ်နမိတ်နဲ့ကျွေးတာ...."
"ဟုတ်..."
စောစောစီးစီးအဆူခံရတဲ့အပြင် ခေါင်းပါတစ်ချက်ခေါက်ခံလိုက်ရတာမို့ အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ အက္ခရာကတော့သူ့ဘေးတွင်ငြိမ်ငြိမ်လေးထိုင်ကာ ရှေ့တွင်ချထားသောအငွေ့တထောင်းထောင်းနဲ့ပန်းကန်ကိုကြည့်နေလေသည်။အက္ခရာကိုကြည့်ပြီး ဖေဖေနဲ့မေမေကပြုံးနေသလို ဘွားကလဲစူးစမ်းနေသည်။ထို့နောက်မေမေကရေနွေးကြမ်းတစ်ခွက်ချပေးပြီး ပန်းကန်လေးကိုရှေ့တိုးပေးကာ..
"သားငယ်လေး စားလေ စားတက်တယ်မလား..."
"ဟုတ်.ကဲ့ခင်ဗျ..."
မှူးခေါက်မှာဖြင့်လိမ္မာနေသောအချစ်ကလေးအားကြည့်ရင်း ဖက်နမ်းချင်စိတ်တွေပေါက်နေသည်။ကြာဆံကိုတစ်ချက်မွှေပြီး တစ်ဇွန်းကိုတမြုံ့မြုံ့နှင့်ဝါးနေသည်။ပြီးမှမှူးခေါင်လက်ကိုတို့ကာ တစ်နေရာကိုလက်ညိုးထိုးပြသည်။ဆိုလိုတာက ငရုတ်သီးထည့်ပေးတဲ့။မှူးခေါင်လဲငရုတ်သီးပန်းကန်ကိုယူပြီးနည်းနည်းထည့်ပေးလိုက်ပြီး ပန်းကန်ကိုပြန်ချမည်အပြု ရှပ်အင်္ကျီအပါးသာဝတ်ထားတဲ့ဗိုက်သားဆီမှစူးတက်လာတဲ့နာကျင်မှုကြောင့် ငရုတ်သီးနောက်တစ်ဇွန်းထပ်ထည့်ပေးလိုက်ရသည်။ဒင်းလေးကအနုနည်းနဲ့တအားနှိပ်စက်တယ်။
မှူးခေါင်ရဲ့ရှုံ့မဲ့မဲ့မျက်နှာကိုကြည့်ကာ ဘွားကပြုံးပြီး "ကလေးထိန်းနေရပြီ"ဆိုပြီးခပ်တိုးတိုးပြောသည်။အက္ခရာကြိုက်လားမကြိုက်လားတော့မသိပါ။တစ်ပန်းကန်ကုန်တော့ နောက်တစ်ပန်းကန်ထပ်ထည့်ခိုင်းသည်။မေမေကတော့ပြုံးပျော်လို့ပေါ့......
YOU ARE READING
LOVE WARNING ⚠️[Complete]
Romance[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...