ဘီရိုထဲမှာစီစီညီညီချိတ်ထားတဲ့အင်္ကျီအဖြူတွေထဲက sizeမတူတာနှစ်ထည်ကိုထုတ်လိုက်သည်။နောက်ပြီး ဘီရိုအောက်ဆင့်ကအထပ်လိုက်ရှိနေတဲ့ဘောင်းဘီတွေထဲက နှစ်ထည်ကိုပါထုတ်လိုက်သည်။
"ကိုကို ဒီမှာယူနီဖောင်းထုတ်ပြီးပြီနော်...ရေမြန်မြန်ချိုးဦး ကျွန်တော်ဗိုက်ဆာနေပြီလို့...."
"ဟုတ်ပါပြီခင်ဗျ..အမိန့်တော်မြတ်အတိုင်းပါပဲခင်ဗျ..."
"အဟင်းးဟင်းး ကိုကိုကတော့...."
အက္ခရာသွားလေးတွေပေါ်အောင်ရယ်လိုက်ပြီး ညအိပ်ဝတ်စုံမှကျောင်းဝတ်စုံကိုပြောင်းလဲဝတ်ဆင်လိုက်သည်။ရာသီဥတုကပူစပ်ပူလောင်မို့ အင်္ကျီလက်တွေကိုတတောင်ထိတစ်ခါတည်းခေါက်ထားလိုက်သည်။Fitsizeမို့ ကွက်တိကျနေပြီးခါးကျဉ်ကျဉ်လေးကိုအတိုင်းသားမြင်နေရသည်။အရပ်၅ပေ၈မှာ ဝိတ်၁၂၅ပေါင်က ပိန်သည်ဟုလဲမဆိုသာဝသည်လဲမဟုတ်။အနေတော်လေးနှင့်အလွန်ကြည့်ကောင်းလှသည်။အင်္ကျီကိုဘောင်းဘီထဲထည့်ဝတ်လိုက်ပြီး ခါးပတ်သေချာပတ်လိုက်သည်။တင်ပါးလေးကအနည်းငယ်ပြည့်ပြီး ပေါင်တံသွယ်စင်းစင်းရဲ့အလှကလဲ ဖုံးကွယ်ထားတဲ့အောက်မှတစ်စွန်းတစ်စထွက်ပေါ်နေသည်။ဆံပင်တွေကို ဆီပါးပါးလိမ်းရင်းဖြီးသင်ကာ နောက်ဆုံးအဆင့်ရေမွှေးဖြန်းလိုက်သည်။မွှေးပျံ့သွားတဲ့ချယ်ရီနံ့လေးက အက္ခရာကိုလန်းဆန်းတက်ကြွစေသည်။
နို့စိမ်းပေါင်မုန့်အလုံးကြီးကို သပ်သပ်ရပ်ရပ်လှီးလိုက်ပြီး ကြက်ဥကြော်ထည့်ထားတဲ့ပန်းကန်နှစ်ချပ်မှာ ကုန်နိုင်ရုံထည့်လိုက်သည်။အဝတ်မလဲခင်ကတည်ထားတဲ့ရေနွေးကို ကော်ဖီမှုန့်မွှေးမွှေးထဲလောင်းထည့်လိုက်တော့ သင်းပျံ့လာတဲ့ကော်ဖီနံ့ကဦးနှောက်ထဲထိထိုးဖောက်ဝင်ရောက်လာသည်။အဆီထုတ်နို့မှုန့်စိမ့်စိမ့်လေးကိုပါထည့်လိုက်ပြီး မွှေနှောက်လိုက်တော့ မွှေးပျံ့ပျံ့ကော်ဖီခါးစိမ့်စိမ့်လေးတစ်ခွက်ရပြီလေ။ကိုကို့အတွက်ကိုပါဖျော်ထားလိုက်ပြီး အဖုံးလေးအုပ်ထားပေးလိုက်သည်။အခုတော့အဆာပြေစားမည်။အဟဲ ကျောင်းရောက်မှကန်တင်းမှာထပ်သွားစားမည်။
ESTÀS LLEGINT
LOVE WARNING ⚠️[Complete]
Literatura romàntica[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...