EP 12

1.1K 96 66
                                    

(ရည်းစားမရှိသူFAများ ဖတ်ပါက သွားဖြီးတက်သည်။Maskအရင်တပ်ထားပါ။)

  မှိန်လိုက်လင်းလိုက်နဲ့ရောင်စုံမီးလုံးများ၊ဆူညံနေတဲ့သီချင်းသံများကြားတွင် အောင်မြင်စွာထွက်ပေါ်လာသောသုစံရဲ့ရယ်သံကြီးကြောင့်..မှူးခေါင်းရဲ့နှုတ်ခမ်းတွေတင်းတင်းစေ့သွားသလို မျက်မှောင်ကြီးလဲကြုံ့လာသည်။လှောင်နေတာများ ပါးစပ်ကြီးအကျယ်ကြီးဟပြီးတော့ရေမြင်းကြီးကျနေတာ ရုပ်ပျက်ချက်...

"ဟားဟားဟား ဟားဟား အမလေး ငါအူတက်ပြီးသေတော့မယ် ရေ ရေ ရေလေးပေးပါ..."

"သေလိုက် မသာ မင်းက စဝ်အုပ်မှူးခေါင်ကို အားရပါးရလာလှောင်နေတာပေါ့..."

"မင်းဟာက တကယ်ကြီးကိုဂေးသွားတာကို ငါလဲရယ်ချင်တာပေါ့... မင်းရည်းစားတစ်ယောက်မှမထားပေမယ့် မင်းရဲ့မင်းသမီးလေးရှိတယ်ဆိုတော့ အဖြောင့်ကောင်မှတ်နေတာလေ...အခုတော့ အခုတော့ ဟားဟားဟား အွတ် ...အွန်း .."

"ကောင်းတယ် ရတု ခပ်ကြာကြာလေးပိတ်ထား...နားကြားပြင်းကပ်လာပြီ.."

   ကိုယ်က ရင်ဖွင့်နေပါတယ်ဆို သူကလာပြီးလှောင်နေတယ်။

Johnnie walker Black Label နှစ်ပတ်ကိုရေခဲခွက်ပြည့်နဲ့ရောထားတာလေးတစ်ငုံသောက်ရင်း လက်ထဲကနှစ်ပိုင်းပြတ်နေတဲ့မာဖလာလေးကိုငုံ့နမ်းလိုက်သည်။

  'ဟင်း မွှေးလိုက်တာ ဘာအနံ့လဲမသိဘူးနော်...'

  "ငါxိုးမသားရတု မင်းလက်ကသန့်ရောသန့်လား လခွမ်းလိုမှပဲ ဖီဖီ ရွံစရာ.."

   "သုစံ မင်းပေါက်ကရတွေထပ်ပြောနေမယ်ဆို ဒီတစ်ခါငါ့ခြေထောက်လာမယ်နော်..."

  "အေးပါကွာ မပြောနဲ့ဆိုမပြောတော့ပါဘူး ဟွန်း ငါ့ဆိုအနိုင်ကျင့်မယ်ဆိုတာကြည့်ပဲ..."

   "ကဲ တော်တော့ ကိုက်မနေနဲ့တော့ နားတွေညည်းတယ်..."

   ‌မှူးခေါင်က တော်တော့ပြောလို့ ပါးစပ်တွေတော့ပိတ်သွားကြပေမဲ့ မျက်လုံးတွေက သတ်နေကြတုန်း။ဘယ်လိုကောင်တွေမှန်းမသိဘူး။နမ်းတာတောင်ကောင်းကောင်းမနမ်းရဘူးကွာ။

"မင်းတကယ်ကြီးကြွေသွားတာလား မှူးခေါင် "

  "အော် ဒုက္ခပါပဲရတုရယ် ငါကအတည်ကြီးမကြွေလို့ အလကားသပ်သပ်ကြွေရမှာလား.."

LOVE WARNING ⚠️[Complete]Where stories live. Discover now