"ဖူးး အဟွတ် အဟွတ်..."
WTF!!! အက္ခရာရေ စောစောစီးစီးလာမြူဆွယ်နေတာလား။ မှူးခေါင်ရဲ့မေးရိုးဟာ အိပ်ယာပေါ်ထိပြုတ်ကျသွားတယ်။ပုခုံးလောက်ထိဟိုက်ချထားတဲ့ခေါင်းစွပ်ဆွယ်တာအပါးနီနီကိုပေါင်လယ်လောက်ဘောင်းဘီပွပွလေးနဲ့ဝတ်ထားပြီး ခေါင်းကိုတပတ်တစ်ထည်နဲ့သုတ်ကာရေချိုးခန်းထဲကတစ်လှမ်းချင်းထွက်လာပုံကအရမ်းအရမ်းကိုsexyကျလွန်းတယ်။မနက်စောစောရေချိုးထားတာမို့ အသားအရည်ရဲ့ကြည်လင်နေပုံများပေါင်ကသွေးကြောပြာပြာတွေကိုဒီကတောင်လှမ်းမြင်နေရတယ်။ခြေလှမ်းတွေက အနည်းငယ်မူမမှန်ချင်ပေမဲ့ အဲ့ဒီ့ခြေလှမ်းတွေကပဲ သူ့ရဲ့စိတ်ရိုင်းတွေကိုလှုံ့ဆော်ပေးနေတယ်။
"အိပ်ယာပေါ်ရေစိုကုန်ပြီ တစ်ခါတည်းလဲရမယ် ထ အခုထ..."
"ဪ အင်းအင်း.."
ဘလင်းဘလင်းအကြည့်တွေကို တစ်ချက်ကလေးမှမလွှဲဘဲ ရေဘူးကိုစားပွဲခုံပေါ်လှမ်းတင်လိုက်သည်။အက္ခရာက ဘီရိုအောက်ဆုံးအဆင့်က အိပ်ယာခင်းအသစ်ကိုထုတ်နေသည်။မပါမဖြစ်ချယ်ရီပန်းတွေနှင့် အဖြူရောင်အိပ်ယာခင်းကိုထုတ်လာသည်။မှူးခေါင်ရေစိုနေသောအိပ်ယာခင်းကိုဖြုတ်ယူလိုက်ပြီး အက္ခရာလှမ်းပေးလာအိပ်ယာခင်းကိုလှမ်းယူလိုက်သည်။အိပ်ယာခင်းကအသစ်မို့အသစ်နံ့ထွက်နေတာကြောင့် ဖြန့်ကာခါနေသည်။King Sizeမို့ အိပ်ယာခင်းကအတော်ကြီးသည်။အိစက်နေတဲ့အိပ်ယာခင်းက အကုန်ခါလို့မရဘဲဖြစ်နေတာကြောင့် အခြားတစ်ဖက်မှအက္ခရာယူကိုင်လိုက်သည်။အိပ်ယာခင်းကိုဆန့်အောင်ခါနေရင်းမှ မှူးခေါင်အားနဲ့ဆွဲလိုက်တာမို့ အိစက်စက်အိပ်ယာခင်းနှင့်အတူ အက္ခရာကိုယ်လေးမှာအရှိန်နဲ့ပါသွားပြီး မှူးခေါင်ရင်ခွင်ထဲတန်းရောက်သွားသည်။
အိပ်ယာခင်းစလေးကိုင်ရင်း အနောက်ဆုတ်ပေမဲ့ အတင်းဖက်ထားတာကြောင့်ရုန်းမရဖြစ်နေသည်။စိတ်ထဲရှုပ်ထွေးလာပြီး မျက်မှောင်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက်တော့စပ်ဖြီးဖြီးနဲ့ငုံ့ကြည့်နေတဲ့ကိုကို။ကိုကို့ခေါင်းကတဖြည်းဖြည်းငုံ့ငုံ့ကျလာမို့ အန္တရာယ်သတိပေးချက်အရ အက္ခရာခေါင်းငုံ့ချလိုက်သည်။သို့သော်စက္ကန့်ပိုင်းလောက်နောက်ကျသွားပြီး ထောင်ချောက်ပါမိသွားသည်။လက်နှစ်ဖက်ကိုချုပ်ထားသလို မေးစေ့ကိုပါလက်နဲ့ပင့်ထားတာမို့ကူရာကယ်ရာမဲ့သွားသည်။
YOU ARE READING
LOVE WARNING ⚠️[Complete]
Romance[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...