EP. 6

1.2K 96 12
                                    

မှူးခေါင်တစ်ယောက်ကျောင်းရဲ့မောင်နှံလမ်းpageမှာတင်ထားတဲ့postတစ်ခုကြောင့် တစ်မနက်လုံးcommentမှာအဆူခံနေရပါသည်။

လူတွေများအပြောင်းအလဲမြန်လွန်းလှပါသည်။ငါးစိမ်းမြင်တော့ ငါးကင်ကိုပစ်ချချင်နေကြပြီ။အစကတော့ စဝ်လေးမှ ခေါင်ကလေးမှဆိုပြီး အခုတော့ ဘီလူးကြီးတို့ သရဲကြီးတို့ နတ်ဆိုးကြီးတို့ဖြစ်ကုန်ကြပြီ။မကောင်းဆိုးဝါးဘုရင်ကြီးဆိုတာကပါသေး။

"ကျောင်းရဲ့hyperစီနီယာကြီးက အသစ်ပြောင်းလာတဲ့ဂျူနီယာလေးကို အနိုင်ကျင့်ပြီးဆွဲစား"

'ဟန့် ငါ့ကိုများ တွေ့သမျှလိုက်ကြောင်နေတဲ့ ဖွန်ကြောင်မှတ်နေလားမသိဘူး ဆွဲစားရအောင်ခေါက်ဆွဲလဲမဟုတ်'

"hyperကြီးကြောင့် ငါ့ကလေးလေးငိုသွားတယ် ဗြဲ ငါ့မင်းသားလေးကို သွေးအေးတဲ့မကောင်းဆိုးဝါးဘုရင်ကြီးက ကြောက်စရာကောင်းတဲ့စကားတွေပြောလိုက်ပုံပဲ ကလေးခမျာတော်တော်ဝမ်းနည်းသွားရှာတာ"

'ငါလေးက ခံလိုက်ရတာပါနော် ရင်ဘက်ကြီးက အခုတောင်အောင့်တောင့်တောင့်နဲ့။အဲ့တာမို့ပြောကြတာ မိအေးအော်တာပဲမြင်တယ် 🦀ညှပ်တာလူမမြင်ဘူးတဲ့..'

  မကျေမနပ်နှင့်ပဲ စာနဲ့တွဲတင်ထားသော ပုံကို သေချာကြည့်လိုက်သည်။တစ်ပုံမှာ ဟိုဆံနီလေးသူ့ရင်ခွင်ထဲရောက်နေပုံ

'အမယ် ငါ့ရင်ဘက်များ သူ့အဖေအိမ်မှတ်နေလားမသိဘူး အကျအနကိုနေရာယူထားတာ..'

ဒုတိယပုံမှာ သူ့ကိုခေါင်းလေးမော့ကြည့်နေပုံ။

တတိယပုံမှာ သူခပ်တည်တည်နဲ့ထွက်သွားပုံ။

နောက်ဆုံးပုံကတော့ ဟိုကလေးလေးမျက်ရည်ကျနေတဲ့ပုံ။

  အမယ် step by stepတင်ပေးထားတာပဲ မဆိုးဘူး အဲ့ဒီ့pageကadminတွေ ဇာတ်ကားရိုက်ခိုင်းရမယ်။ဒါနဲ့ဟိုတစ်ယောက်က ဘာလို့ငိုတာလဲ ။ငါလဲသူ့ကို ဘာမှမလုပ်ပဲနဲ့..။သူ့ဘာသာငိုတာကို ဒီကကောင်က အလကားပါရမီဖြည့် အဲ့ အ‌ပြောခံနေရတယ်တဲ့ စိတ်ပိန်တယ်...။

Phone Ringtoneထားထားတဲ့ Beautiful in Whiteသီချင်းက ကောက်ကာငင်ကာထမြည်လာတာကြောင့် လန့်သွားသည်။

LOVE WARNING ⚠️[Complete]حيث تعيش القصص. اكتشف الآن