ကိုကိုကဟိုနေ့ကကိစ္စနဲ့ပတ်သတ်ပြီး အက္ခရာကိုစကားမပြောတော့ပါ။သူ့ကိုလိမ်ရပါ့မလားဆိုပြီး ဝမ်းနည်းပြီးမျက်နှာချင်းမဆိုင်တော့သလို စကားလဲမပြောတော့ပေ။ညအိပ်ရင်လဲ အက္ခရာမအိပ်မချင်း ဧည့်ခန်းမှာထိုင်နေပြီး အက္ခရာအိပ်သွားမှအိပ်ယာပေါ်တက်သည်။မနက်မိုးလင်းလို့အက္ခရာနိုးပြီဆိုလဲ အိပ်ယာပေါ်ကိုကိုမရှိတော့။ခါတိုင်းမနက်စာကို တစ်ခုခုလုပ်ကျွေးနေကြပေမဲ့ အခုတော့အောက်ထပ်ကမနက်စာဆိုင်ကနေပဲမှာပေးသည်။စကားပြောချင်လို့ မျက်နှာချင်းဆိုင်တော့လဲ ရအောင်ရှောင်ထွက်သည်။
ဒီနေ့ညလဲအိပ်ယာပေါ်မှာအက္ခရာတစ်ယောက်တည်းအိပ်မပျော်သေးဘဲ လူးလှိမ့်နေမိသည်။လက်ကလေးထောင်ပြီး တစ်နှစ်သုံးရေရင်း အိပ်ပျော်အောင်ကြိုးစားနေရသည်။
"နှစ်ဆယ်နှစ်၊နှစ်ဆယ်သုံး၊နှစ်ဆယ်လေး၊.......ငါး ငါးဆယ်....ခုနှစ်ဆယ့်နှစ်....ကိုးဆယ်သုံး.....တစ်ရာငါး....တစ်ထောင်တစ်ရာတစ်ဆယ့်တစ်" ဘုတ်!!
"ဒဏ်ရာလဲမရှိပါလား အက္ခရာ "
မှူးခေါင်စိုးရိမ်စွာဖြင့်အက္ခရာလက်မှ ပလာစတာကိုအတင်းဆွဲခွာပြီးနောက် လုံးဝအနာအဆာကင်းမဲ့နေတဲ့လက်ချောင်းလေးကိုတွေ့လိုက်ရသည်။ဘေးမှာချထားသည့်သူအပြေးအလွှားသွားဝယ်ထားရတဲ့ အပူလောင်ရင်လိမ်းတဲ့ဆေး၊ထိခိုက်ရှနာအတွက်ဆေးတွေထည့်ထားတဲ့အိတ်ကလေးကိုပြန်ကောက်ကိုင်လိုက်သည်။ဆေးအိတ်ကလေးကို အမှိုက်ပုံးထဲသွားပစ်ထည့်ပြီး နေရောင်ရှိနေသည့် ဝရန်တာကိုထွက်လာလိုက်သည်။
"ကိုကို ကိုကိုကျွန်တော်က ဒီတိုင်း ဒီတိုင်းဘာသဘောမှမပါပါဘူး..."
"အင်း ... ကိုယ်ခဏလောက်အနားယူချင်တယ်...."
မှူးခေါင်ကသူ့ကိုမော့မော့လေးကြည့်နေသည့်အက္ခရာကိုရှောင်လိုက်ပြီး အပြင်ဘက်ရေချိုးခန်းထဲဝင်ကာ ရေပန်းဖွင့်ပြီးဝင်ထိုင်လိုက်သည်။သူ့ခန္ဓာကိုယ်က ချွေးစက်တွေနဲ့ရေတွေရောကုန်ပြီး ကြမ်းပြင်သို့စီးဆင်းသွားသည်။ရေစိုသွားလို့ အချောင်းလောက်ဖြစ်သွားတဲ့ဆံပင်တွေကိုအကုန်သပ်တင်လိုက်ရင်း ကြွေပြားနံရံမှာကပ်မှီကာ မျက်လုံးတွေကိုမှိတ်ချလိုက်သည်။
YOU ARE READING
LOVE WARNING ⚠️[Complete]
רומנטיקה[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိုပျော်ရွှင်ရင်ကိုရပါပြီ။ ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ ကိုကိ...