~ONE~

2.5K 187 4
                                    

𝗔/𝗡: OTP တွေအကုန်ဖတ်ဖူးသမျှထဲ SunJake OTP လေးကရှားလို့ရေးလိုက်တာပါ ။ပြီးတော့ SunJakeလေးကို ကိုယ်လဲသဘောကျလို့ပါ။
OC ရေးရာကနေ ပထမဆုံး OTP ရေးဖူးတာဖြစ်လို့ အမှားတွေပါရင် ခွင့်လွှတ်ပေးကြပါ ဖတ်ရင်းနဲ့ အရေးအသားကအထင်လွဲစရာတွေဖြစ်နေတယ်ဆိုလဲ ထောက်ပြပေးလို့လဲရပါတယ်။ အမှားအယွင်းကင်းအောင် အကောင်းဆုံးရေးကြည့်ပါ့မယ်။🤍



Part-1
[ Unicode ]

ည။ စကြာဝဠာကြီးရဲ့ ကိုယ်ပွားအစုလေးတွေလို့အများစုခေါ်ဝေါ်ကြတဲ့ ကြယ်လေးတွေတောင်ရှိမနေတဲ့ည။ လခြမ်းကွေးကွေးလေးတောင်ရှိမနေတဲ့ လမိုက်ညတစ်ည။ လောကကြီးဟာ တိတ်ဆိတ်မှုပေါင်းများစွာနဲ့ ငြိမ်သက်လို့နေတယ်။

​အဖော်အပေါင်းမရှိဘဲ အထီးကျန်စွာမှောင်မိုက်နေလေတဲ့ ကောင်းကင်ကြီးက သိပ်သနားဖို့ကောင်းတယ်။
ကျွန်တော်ရော သနားဖို့မကောင်းဘူးလား။
ကျွန်တော်လဲ သူ့လိုပဲ အထီးကျန်နေတယ်။

လူပြတ်တဲ့ လမ်းသွယ်လေးရဲ့အမှောင်ကျကျထောင့်တနေရာမှာ ဆောနူးတစ်ယောက်တည်းထိုင်နေခဲ့သည်။ ဆောနူးအရွယ်လူငယ်လေးတွေ အစုလိုက် အစုလိုက် စကားတွေတပြောပြော ပျော်ပါးကြရင်း ဆောနူးအရှေ့ကဖြတ်သွားကြတဲ့ မြင်ကွင်းကို သူဒူးတုတ်၍ထိုင်ရင်းသာငေးကြည့်နေရသည်။

ဆောနူးဆိုတဲ့ သူကလဲ တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်လေးတစ်ယောက်ဖြစ်ပါလျှက် လူငယ်တစ်ယောက်ရဲ့အခွင့်အရေးတွေကို ပိုင်ဆိုင်ခွင့်မရှိဘဲ ငေးကြည့်ခွင့်သာရတဲ့ သူတစ်ယောက်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်တိုင်းက အိမ်နဲ့ကတောက်ကဆဖြစ်ကြသည်မှာသဘာဝဖြစ်တာ သူနားလည်သည်။
ဒါပေမဲ့ ဆောနူးကတော့ အိမ်က မိသားစုနဲ့ နေ့တိုင်းအမြဲလိုလိုပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်နေရသည်...မိသားစုလို့သတ်မှတ်ရမလား အများအမြင်တော့အဲ့လိုပဲပေါ့ သို့ပေမဲ့ ဆောနူးအတွက်မိသားစုလို့မသတ်မှတ်နိုင်ဘူး။ အေးဆေးနေတတ်တဲ့ သူ့ကို တခုမဟုတ်တခုနဲ့ ဘလိုင်းကြီးပြဿနာရှာနေကြတာတော့ မဟုတ်သေးဘူးထင်တာပဲ...သည်းခံနိုင်တဲ့အတိုင်းအတာတခုအထိ ကျော်လွန်လာတော့ ဆောနူးအနေနဲ့ ပြန်ပြီးတုံ့ပြန်မိတာ အမှားမဟုတ်။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now