~Thirteen~

604 74 17
                                    

Part-13
[ Unicode ]

ဆောနူး ကျောင်းချိန်ပြီးတာနဲ့ ယွန်းဆီတန်းပြန်ဖို့ရာပဲ စိတ်ကူးထဲရှိသည်...ယွန်းကတော့ ထုံးစံအတိုင်း ကျောင်းလစ်ကာ အိမ်မှာ ကျန်ရစ်ခဲ့​သည်။ အခုတလော ယွန်းနဲ့နှစ်ယောက်အနေနီးစွာ မခွဲခွာဘဲ အတူရှိနေသော်လည်း ဝေးကွာနေသလိုခံစားနေရသည်။ စက္ကန့်မလပ်ပင် ချစ်ရသူအနားအမြဲရှိချင်မိသည်။
ပြီးတော့ ယွန်းကို သူစိတ်ပူမိနေသည်...ယွန်းက အရင်ကနှင့်မတူ တမှိုင်မှိုင်တတွေတွေနှင့် မျက်နှာလဲမသာမယာယာလှပေ...ယွန်းမှာ ဆောနူးမသိတဲ့စိတ်ညစ်စရာတွေ ရှိနေပုံပင်...ဆောနူးကမေးတော့လဲ ယွန်းက အမြဲစကားလမ်းကြောင်းလွှဲကာ သူ့အမေးကိုအဖတ်မလုပ်စွာ ဘယ်တော့မှအဖြေမပေးပေ။

အိမ်ပြန်ဖို့ ကားစက်ကို နှိုးလိုက်စဉ်မှာပင် တဖက်ခြမ်းရဲ့ကားတံခါးဖွင့်သံနှင့်အတူ လူတစ်ယောက် တဖက်ထိုင်ခုံမှာ ဝင်ထိုင်လာသည်။

"ဘာလာရှုပ်တာလဲ ဟွမ်ဘာရမ်"

"ပြောစရာရှိလို့"

"ငါ့ဘက်ကပြောစရာမရှိဘူး"

"ငါကတော့ပြောစရာရှိတယ်...အခုထိမသိသေးဘူးလား"

"ငါကဘာကိုသိရမှာလဲ...အဖေ့ကိစ္စတွေ ငါတခုမှမသိချင်ဘူး...ငါ့ကားပေါ်က ဆင်းတော့"

"ဆောနူး နင်ကလေ လည်မလိုလိုနဲ့ အတော်တုံး,အတာပဲ"

"ဘာ!!!"

"အင်းလေ မသိသေးဘူးဆိုတော့လဲ သိသွားအောင်အသိပေးရမှာ ငါ့တာဝန်ဖြစ်သွားတာပေါ့ Jake Oppa ကလဲ ဘာမှပြောပြပုံမပေါ်ဘူး အဟက်!! သနားစရာ ဂင်မ်ဆောနူး"

"မင်းစကားမှာ ဂျယ်ယွန်းကို ဆွဲထည့်စရာအကြောင်းမရှိဘူးနော် ဘာကိုပြောချင်တာလဲ လိုရင်းပြော ဟွမ်ဘာရမ်"

ဟွမ်ဘာရမ်ဆိုတဲ့မိန်းကလေးကို မြင်တာနဲ့ စိတ်ထဲကိန်းအောင်းနေတဲ့ ဒေါသတွေက အလိုလိုမြှင့်တက်လာတာကြောင့် အသံက ကျယ်လာပီးသားဖြစ်သည်။

"Jake Oppa နဲ့ငါက လက်ထပ်တော့မယ့်သူတွေ...မိဘချင်းစေ့စပ်ထားတယ်"

ဆောနူးမျက်နှာကို စူးစိုက်ကြည့်ကာ တလုံးချင်းစီပီသရှင်းလင်းစွာ ပြောလာသော သူမစကားတွေက စနောက်နေသည့်အရိပ်အယောင်မပါ။ အခုသူမစကားတွေနားထောင်လိုက်ရတာ အိပ်မက်မဟုတ်ဘဲ သူလက်တွေ့ခံစားနေရတာလား။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now