~Six~

823 110 8
                                    

Part-6
[ Unicode ]


ဖြူဖွေးဖွေးလက်တစုံကို ကိုင်ဆွဲရင်း ဦးတည်ရာမရှိ ခြေဦးတည့်ရာပြေးလွှားနေမိသည်။ အနောက်က ထိုကောင်လေးဟာလဲ သူဆွဲခေါ်ရာနောက်သို့ ပြေးလိုက်ဆဲ။ တချက်တချက်ဆို ထိုကောင်လေးက ဂျယ်ယွန်းရဲ့လက်တွေကို ခပ်တင်းတင်းပြန်ဆုပ်ကိုင်လာသယောင်။ သူတို့နှစ်ယောက်ပြေးလွှားရာနောက်သို့ အဖြူလုံးလေးနဲ့ ပြဿနာတက်ခဲ့တဲ့ ဟိုနှစ်ကောင်မှာလဲ တစိုက်မတ်မတ်ပြေးလိုက်လာကြသည်...ဒါ့ကြောင့် ဂျယ်ယွန်းနဲ့ ကောင်လေးမှာလဲ ရပ်တန့်ခြင်းမရှိ ခြေလှမ်းတွေကို အရှိန်မြှင့်တင်ရင်း ဆက်တိုက်ပြေးနေမိသည်။

"ဂျယ်ယွန်း...ဘယ်အထိပြေးနေရဦးရမှာလဲ...မျက်ခြေဖျက်ပစ်လို့မရဘူးလား ...အား!! ငါမောလာလို့"

ပြေးရင်းနှင့်ပင် ထိုကလေးရဲ့ မျက်နှာလေးကို လှည့်ကြည့်လိုက်တော့ မောဟိုက်နေ၍ နဖူးပြင်လေးထက်မှာ ချွေးလေးတွေစို့တက်နေလေပြီ။ ဆောနူးပြောသလ်ို မျက်ခြေဖျက်မှဖြစ်တော့မည်...ဒီအတိုင်းသာဆက်ပြေးနေရင် ခြေထောက်တွေ ခွေခေါက်လဲကာကျိုးကုန်တော့မလားတောင်အောက်မေ့ရသည်။

"ဆောနူး မင်းကလဲ နဲနဲအားထည့်စမ်းပါ့...ဟိုကောင်တွေနဲ့ နဲနဲဝေးဝေးရောက်အောင်ပြေးရမယ် ဒါမှ မျက်စဖျက်ဖို့လွယ်မှာပေါ့"

ဂျယ်ယွန်းစကားကို မျက်နှာလေးမဲ့ရှုတ်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြတဲ့ ကောင်ကလေးကိုကြည့်ပြီး ပြေးလွှားရလို့မောနေရတဲ့ကြားထဲ ခေါင်းကိုမော့၍ တဟားဟားအော်ရီမိသည်။ ဒီကလေး ဂျယ်ယွန်းနဲ့တွေ့ခဲ့တာ ကံကောင်းသည်...နို့မို့ဆို ဒီကောင်လေးမျက်နှာနုနုက အညိုကွက်မျိုးစုံနှင့် ဖူးယောင်လို့နေလောက်ပြီ။

ဂျယ်ယွန်း ထိုကုန်တိုက်ကို ရောက်ဖြစ်ခဲ့သည်က အသစ်တွဲနေတဲ့ မိန်းမလှလေးတစ်ယောက်ကို လိုက်ပို့ပေးနေရင်းဖြစ်သည်...သူကတော့ ထိုကလေးမနောက်သို့မလိုက်ဖြစ် အထုပ်လိုက်ဆွဲပေးရတာ ဝါသနာမပါလို့။ ဒါ့ကြောင့်ပင် ထိုမိန်းကလေး ကုန်တိုက်ထဲမှ ထွက်အလာကို ကားပေါ်ကနေသာ ထိုင်စောင့်နေလိုက်သည်။ ထိုအချိန်မှာပဲ သူနဲ့ မလှမ်းမကမ်းနေရာကွက်လပ်မှာ စကားများရန်ဖြစ်နေဟန်တူတဲ့ ချာတိတ်ကိုတွေ့မိတော့ ရင်ထဲက ဘာလို့မှန်းမသိ မွန်းကြပ်လာကာ စိတ်ပူခြင်းက အထိပ်အထိပ်သို့။ ချာတိတ်ရှိရာသို့ ခြေလှမ်းကျဲများနှင့် လျှောက်လာနေရင်း ထိုနှစ်ကောင်က ဂျယ်ယွန်း တခါတလေ ခိုးကြည့်ကာ ငေးရတဲ့ ပါးဖောင်းဖောင်းအိအိလေးတွေကို ရန်ရှာဖို့ ဦးတည်လာလေတော့ အချိန်မှီဝင်ရောက်တားဆီးကာ ချာတိတ်ရဲ့လက်ကိုကိုင်ဆွဲပြီး လွတ်ရာနေရာဆီသို့ ဆွဲခေါ်ပြေးနေမိခဲ့သည်။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now