~Eleven~

581 76 17
                                    

Part-11
[ Unicode ]

"Hyung မနက်ဖြန် ကျွန်တော့်ဆီလာခဲ့မယ်မလား"

"မနက်ဖြန် မင်းစာမေးပွဲနောက်ဆုံးနေ့မလား"

"အင်းဟုတ်တယ် အဲ့တာကြောင့်လာခဲ့ပေးပါလားလို့ ဒီအတောအတွင်လဲHyungက ကျွန်တော့်ဆီလာပေးဖို့ မပြောနဲ့ ဖုန်းတချက်တောင်မဆက်ပေးဘဲနဲ့"

"မင်းစာကျက်ပျက်မှာဆိုးလို့ပါကွာ"

"မဟုတ်ပါဘူး Hyung ကျွန်တော့်ကို လျစ်လျူရှုထားတာပါ"

"ယန်ဂျောင်ဝန်း!!"

ရစ်ချင်လာတဲ့ ထိုကောင်လေးရဲ့နာမည်ကို ဆောနူးခပ်ကျယ်ကျယ်အသံလေးဖြင့်ဟန့်လိုက်သည်။

"ဟုတ် Hyung"

"ဒါပဲ ဂျောင်ဝန်းရာ"

"Hyung......ကျွန်တော်ပြောနေတာကို ကျွန်တော့်ဆီလာပေးပါလို့"

"နောက်ဆုံးနေ့မှာ သူငယ်ချင်းတွေနဲ့ပျော်စမ်းပါ...ငါ့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ"

"ကျွန်တော်က Hyungကိုပဲလိုအပ်တာ Hyungနဲ့ပဲတွေ့ချင်တာ ပြီးတော့ ကျွန်တော်ပြောစရာလဲရှိတယ်"

"ဂျောင်ဝန်းရာ သန်ဘက်ခါမှမဖြစ်ဘူးလား မင်းတို့ပြီးတာနဲ့ ငါတို့လဲ စာမေးပွဲတွေစတော့မှာလေ ငါလဲစာလုပ်ရဦးမှာ မနက်ဖြန် Hyungရဲ့ စာလုပ်မယ့်အချိန်ဇယားတွေလဲရှိတယ် အဲ့တာတွေတနေ့တည်းအပြီးဖြတ်နိုင်မှဖြစ်မယ်"

"ဟာ Hyung ကလဲ တရက်လေးပဲဟာကို ပြီးတော့တနေကုန်လဲမဟုတ်ဘူး ညနေပိုင်းလေးပဲကို နော် နော် လာခဲ့ပေးပါ...ကျွန်တော် ဆောနူးHyungကိုတောင်းဆိုနေတာပါ"

"အင်း အင်း ဟုတ်ပြီ...ရပြီလား ငါကဘယ်လာရမှာလဲ"

"Myeongdong cat cafe ဒါပဲ အဲ့ကိုလာခဲ့နော် အချိန်က ညနေ 4:45 "

"Yah!! ဂျောင်ဝန်း ပေါက်တက်ကရ ဘယ်ကိုချိန်းနေတာလဲ အဲ့ဘက် လူတွေဒီလောက်ရှုပ်...ဟမ်"

ဟာ...ဒီကောင်လေးက ဆောနူးပြောစကားအဆုံးမနားထောင် ဂွက်ခနဲဖုန်းချသွားလေသည်။ တဖက်ကနားထောင်သူမရှိတော့တာ သူကဘာကို ရစ်ကြောရှည်ပြီးဆက်ပြောနေရဦးမှာလဲ။ ဒီကောင်လေးဂျောင်ဝန်း ရစ်သမျှဒဏ်ကို အကြီးပီပီ ဆောနူးကောင်းကောင်းကြီးခံနေရသည် ဒီအတွက်ထိုကောင်လေးကို ဒေါသထွက်ဖိုရာလဲမဖြစ်ပြန်...တခါတလေလဲ တွေးမိသည် ဂျောင်ဝန်းနဲ့ကျမှ ဆောနူး ဝဋ်တွေလည်နေပါရော့လားလို့... ဂျယ်ယွန်းနဲ့ဆိုလျှင် ဆောနူးက ငယ်သူအလျှောက် သူစိတ်မရှည်တော့ထိတောင် ဆောနူး အီတတ်သည် ရစ်လုံးလုပ်တတ်သည်...ဆောနူးရှေ့မှာတော့ စိတ်မရှည်တာကို တခါမှထုတ်မပြဖူး ဒါပေမဲ့ ဂျယ်ယွန်းစိတ်ထဲမှာတော့ တော်တော်နေရခက်နေပြီဆိုတာသိသော်လဲ ဒါကိုပဲဆက်လုပ်ချင်နေမိသည်...ဂျယ်ယွန်းအပေါ်ဆိုးချင်ဆိုးလို့ရနေသည်ကိုက ဂျယ်ယွန်းကသူ့အပေါ်အလိုလိုက်ချစ်ပေးမှန်းသိလို့သာ။ တခါတလေကျပြန်လဲ ထိုခွေးပေါက်လေးအနား အချွဲတုံးမြေခွေးပေါက်လေးအဖြစ် ဆောနူးရှိနေတတ်ပါသေးသည်...ဒီလိုကျ ယွန်းက ဆောနူးအား သိပ်ကို အူယားပါသည်တဲ့လေ။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now