~Five~

813 111 17
                                    

Part-5
[ Unicode ]

"ကားပေါ်ကဆင်းပြီး မင်းကြိုက်တာဝယ်ခဲ့ ရော့..."

​ထိုလူရဲ့ ဝေးလံလှသော ရေခဲမုန့်ဆိုင်ရှေ့သို့ ရောက်သည်နှင့် ဆောနူးအားကားပေါ်က ဆင်းခိုင်းနေကာ ဝမ်ပိုက်ဆံတွေပါလှမ်းပေးနေသည်။ သူရော ဆောနူးနဲ့မလိုက်ခဲ့ဘူးလား...တယောက်တည်းဆင်းဝယ်ရမှာလား။ မလိုက်ချင်တာကို အတင်းအဓမ္မသူခေါ်ချင်သလို ခေါ်လာခဲ့ပြီး ရောက်လာပြန်တော့လဲ ပိုက်ဆံတွေပေးနေပြန်သည် ပိုက်ဆံတွေပစ်ပေးနေတဲ့ အပြုအမူကို တစက်ကလေးမှမနှစ်မြို့...သူပဲပိုက်ဆံရှိတာမဟုတ်ဘူး ဆောနူးမှာလဲရှိတယ်...ဒါပေမဲ့ အခုတော့မဟုတ် ပိုက်ဆံအိတ်က သူ့လက်ထဲကလွယ်အိတ်ထဲမှာမလို့ ဘယ်လိုမှယူမရနိုင်။

"မင်းရော မလိုက်ဘူးလား"

"မလိုက်ချင်လို့။ ဒီကနေပဲ မင်းကို ကြည့်နေမယ်"

"ငါထွက်ပြေးသွားရင်ရော"

"ပြေးပေါ့ မင်းလွယ်အိတ်လဲ ကိုယ်ပြန်ပေးမယ် ဘယ်တော့မှမထင်နဲ့ ချာတိတ်"

"သူများပစ္စည်းအပိုင်ယူမလို့လား"

"ဒါပေါ့ ယူသင့်ရင်ယူရမယ်လေ"

"ငါ့လွယ်အိတ်ကို မင်းလိုကောင်လက်ထဲမပေးချင်လို့ ထွက်ကိုမပြေးဘူး စိတ်ချ"

ထိုလူ့ကိုမျက်စောင်းထိုးလိုက်ကာ ကားပေါ်မှ ဆင်းခဲ့လိုက်သည်။ သူရော ဘာစားဦးမလဲမသိဘူး ဘယ်လောက်ပဲအမြင်ကတ်ပါစေ သူ့ပိုက်ဆံနှင့်ကိုယ်ကဝယ်စားရတော့ သူ့ကိုပါမေးသင့်သည်ထင်သည်။ ဆိုင်တံခါးဝသို့ရောက်တာနဲ့ သတိရသွားတာကြောင့် သူ့ကားဆီသို့နောက်ပြန် လှည့်လာ
ခဲ့လိုက်သည်။

ကားမှန်ပြတင်းကို မှီတွယ်ကာ ခါးကိုကိုင်းညွှတ်၍ စေတနာပါလှသည်မဟုတ်သော်လဲ သူ့အားအမေးရှိလိုက်သည်။

"ခင်ဗျားရော ဘာအရသာစားမှာလဲ...တခါတည်း ဝယ်ခဲ့မလို့"

"မင်းစားတဲ့ အရသာပဲဝယ်လာခဲ့လိုက်"

"ခင်ဗျားကြိုက်ပါ့မလား"

"မင်းကြိုက်တဲ့အရာဆို ကိုယ်ကြိုက်တယ်လို့ပဲ မှတ်လိုက်စမ်းပါ ချာတိတ်ရာ"

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Dove le storie prendono vita. Scoprilo ora