~Seventeen~

616 70 8
                                    

Part-17
( Unocode )


ဘာရမ်ရဲ့ အမေက သက်သာစပြုလာပြီမို့ ဆောနူးအိမ်ကိုသာ ပြန်ခဲ့တော့သည်...အဖေလဲ ဆေးရုံမှာပဲကျန်နေရစ်ခဲ့သည်။

အဖေက အမေ့ကွယ်ရာမှာ ဖောက်ပြန်နိုင်လောက်အောင် လီဆောအာကို ချစ်ခဲ့လို့ အမေဆုံးသွားပြီးတာနဲ့ ဒုတိယဇနီးမယားအဖြစ်လက်ထပ်ယူပြီး သူ့ရဲ့တရားဝင်ဇနီးအဖြစ်သတ်မှတ်ခဲ့တာပေါ့။ လီဆောအာလုပ်ခဲ့တဲ့အပြစ်တွေက ခွင့်မလွှတ်နိုင်လောက်အောင်ဖြစ်နေသော်လဲ အဖေသူတို့သားအမိကို မုန်းလဲမမုန်းရက်နိုင်သလို စွန့်ပစ်နိုင်မှာလဲ မဟုတ်ပေ...သူတို့တွေကြားထဲမှာ နှောင်ဖွဲ့လာတဲ့ သံယောဇဉ်တွေကို ထောက်ထားပြီး အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးနိုင်လောက်ပါသည်။ အဖေ့ဘက်က ဆောနူးကို နားလည်သွားခဲ့ပြီမို့ ဘာရမ်တို့သားအမိ
ကိစ္စက ဘာတွေပဲဖြစ်လာလာစိတ်မဝင်စားတော့ပါ...အဖေစီစဉ်သမျှကို လက်ခံပေးရုံသာ။

အိမ်ပြန်ရောက်တာနဲ့ မီးဖိုခန်းကိုသာ ဦးတည်မိပြီး စားစရာအချို့ကိုသာ ရှာဖွေနေလိုက်သည်။ ဘာမှရှာမတွေ့တဲ့အဆုံး စားစရာကိုအပြင်ကမှာစားဖို့သာဆုံးဖြတ်လိုက်ရတော့သည်။

ယွန်းသာရှိနေရင် ဆောနူးစားချင်တာကို ယွန်းကို
ဂျစ်တိုက်ကာ ချက်ကျွေးခိုင်းမိမှာပင်...အဲ့လိုဆိုလဲ ယွန်းက ဆောနူးအလိုကိုလိုက်ကာ စိတ်ရှည်ရှည်နဲ့အကောင်းဆုံးဖြစ်အောင် ချက်ကျွေးဦးမယ်ဆိုတာ အသေအချာ။

တဒင်္ဂဝင်ရောက်လာတဲ့ ရူးကြောင်ကြောင်အတွေး​ကြောင့် ဟက်ခနဲတချက်ရီမိသည်။ ယွန်းကို ခုထိမေ့လို့မရနိုင်သေးဘူးဆိုတာ သိနေပေမဲ့ ဆောနူး ကိုယ့်ကိုကိုယ်ဘာကြောင့်ညာချင်နေရလဲဆိုတာ သူကိုယ်တိုင်တောင်အဖြေမရှာချင်တော့။
ဒီအတိုင်းလေးပဲအဆင်ပြေပါတယ် ယွန်းရဲ့ဘဝထဲကို ဆောနူးနောက်တခါတိုးမဝင်ချင်တော့ဘူး...
ယွန်းမရှိလဲအဆင်ပြေတယ်ဆိုတာ မုသားစကားဖြစ်နေပေမဲ့ အချိန်တွေဖြတ်သန်းကာ နှစ်တွေကြာလာခဲ့ရင်တော့ အဲ့စကားက အမှန်တရားတခုအဖြစ်တည်ရှိလာမှာပါ။








"ယွန်း..."

Food deliဆီ ဖုန်းဆက်ရင်း မီးဖိုခန်းထဲမှ ပြန်ထွက်လာချိန်တွင် အိမ်ထဲမှာ တွေ့မြင်လိုက်ရတဲ့လူသားကြောင့် အံ့ဩမိသွားလို့ အသံတိုးတိုးလေးထွက်ရုံမျှ ယွန်းကို ခေါ်မိသည်။ ချစ်ရသူဆီအတွေးတွေအရမ်းကြီးစိုးနေခဲ့လို့ ထိုသူက
ဆောနူးရှိတဲ့နေရာဆီ တိုက်ဆိုင်စွာ ရောက်လာရလေသလား။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now