~Eight~

843 112 10
                                    

Part-8
[ Unicode ]


​ပြတင်းပေါက်ကို ကာထားတဲ့ လိုက်ကာစဆီမှ နေရောင်ခြည်ဖြာဖြာလေးက ဂျယ်ယွန်းရဲ့မျက်နှာကိုရိုက်ခတ်လာတာကြောင့် အိပ်နေတဲ့မျက်လုံးအစုံတို့ကို ဖွင့်ခွင့်ပေးလိုက်သည်။

လက်မောင်းတဖက်ကို ခေါင်းအုံးကာ အိပ်မောကျနေသော သူ့ရဲ့ကလေးငယ်ကိုငဲ့စောင်းကြည့်ကာ ကြည်နူးမိပြန်သည်။ ကော့ညွှတ်နေတဲ့မျက်တောင်ရှည်လေးတွေပေါ်လွင်အောင် အိပ်စက်နေသော သူ့ရဲ့ကလေးက နတ်သက်ကြွေကျလာတဲ့ နတ်သားလေးတစ်ပါးလို။
အင်း ဂျယ်ယွန်းတစ်ယောက်တည်းအတွက်ပဲ ဖန်တီးဖြစ်ပေါ်လာတဲ့ နတ်သားလေးပေါ့။

ဂျယ်ယွန်း ဒီကလေးအနားရောက်လာခဲ့ရခြင်းမှာ မနက်လေးနာရီထိ အိပ်မပျော်နိုင်ဘဲ တအိမ်တည်းနေတဲ့ ကလေးငယ်ကို လွမ်းလာမိတာကြောင့် ဆောနူးရဲ့ အခန်းငယ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်ကာ ကလေးရဲ့အနား လဲလျောင်းအိပ်စက်ခဲ့သည်။ အအိပ်မက်လွန်းတဲ့ ဒီကောင်လေးဟာ ဂျယ်ယွန်းတစ်ယောက်လုံးအနားမှာရှိနေသည်ကို သိပုံမပေါ်ပါလေ။ မနက်လင်းတော့ ဘယ်ကဘယ်လို ဂျယ်ယွန်းလက်မောင်းကို ကလေးငယ်က ခေါင်းအုံးလုပ်အိပ်ထားသလဲမသိတော့။

ဆောနူးမနိုးခင် ဒီအခန်းထဲမှ ထွက်ရမှာဖြစ်သည်...နို့မို့ဆို သူ့ကိုမြင်ရင် ဆောနူးရှက်ဒေါသကြောင့် သူနဲ့ရန်ဖြစ်နေရဦးမည်။ ဂျယ်ယွန်းထိုကောင်လေးရဲ့ ဦးခေါင်းကို ခေါင်းအုံးပေါ်သို့ စနစ်တကျရွှေ့တင်ပေးလိုက်ပြီး
ဆံပင်စလေးတွေကျနေတဲ့ ဆောနူးရဲ့ နဖူးပြင်လေးကို
အနမ်းလက်ဆောင်ပေးလိုက်သည်။ အိပ်နေတဲ့ကလေးလေးကို တစိမ့်စိမ့်ကြည့်ပြီးသည့်နောက် ဆောနူးရဲ့ကုတင်ပေါ်က ဖြည်းဖြည်းထလာခဲ့ပြီး အခန်းအပြင်သို့ထွက်ခဲ့လိုက်သည်။

တစ်ညတာ အိပ်စက်ခွင့်ပြုပေးတာ ကျေးဇူးပါ ကလေးငယ်။


တံခါးပိတ်သံတိုးတိုးက နားထဲတိုးဝင်လာပြီးသည့်နောက် ဆောနူး သူ့ရဲ့မျက်လုံးတို့ကို ဖွင့်လိုက်သည်။ မြင်ကွင်းထဲတခဏတာမြင်လိုက်ရတဲ ကျောပြင်လေးက ဂျယ်ယွန်းမှန်းသိပါသည်...သူ့နားနားလေးမှာ ယွန်း တစ်ညလုံးရှိနေခဲ့သည်ကိုလဲသိပါသည်...မနက်နိုးတော့ နဖူးပြင်ကို အနမ်းပေးသွားသည်ကိုလဲသိပါသည်။ ယွန်း ရှိနေဖို့ သူကိုယ်တိုင်စိတ်ထဲကနေ ခွင့်ပြုလိုက်တာမို့ တမင်မသိဟန်ဆောင်ခဲ့တာပါ။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now