~Fourteen~

612 76 9
                                    

Part-14
[ Unicode ]


"ဆောနူး ဒါဘယ်လဲ!!!"

ဂျယ်ယွန်း​၏အော်သံကို ဂရုမစိုက်စွာ သူ့အခန်းထဲမှ ဆောနူး ထွက်လာခဲ့သည်။ ဆောနူးရဲ့အနောက်ကို မလျှော့သောအရှိန်တွေနဲ့ လိုက်လာခဲ့သော ဂျယ်ယွန်းရဲ့ခြေသံကိုအတိုင်းသားကြားနေရသည်...သို့သော်လဲ ဆောနူး ဂရုမစိုက်မိ။

ဆောနူးရဲ့အခန်းထဲသို့ လိုက်ဝင်လာခဲ့သော ဂျယ်ယွန်းနှင့်အတူ ဝုန်းခနဲတံခါးပိတ်သံတခုကိုပါ ထပ်တူကြားလိုက်ရသည်။ ယွန်းကို ကျောခိုင်းထားသောဆောနူးရဲ့ ခန္ဓာကိုယ်ကို ဂျယ်ယွန်းက သူ့ဘက်သို့ရောက်အောင်ဆွဲလှည့်ပြီး နံရံဆီတွန်းကပ်လိုက်သည်။

နံရံတဖက်ကို လက်ထောက်ထားရင်း ဆောနူးကို ဘာစကားမှမဆိုဘဲ မျက်လုံးတွေတည့်တည့်ကို စိုက်ကြည့်လာသော ဂျယ်ယွန်းက အကြောင်းပြချက်မရှိတဲ့ ဆောနူးရဲ့လမ်းခွဲစကားတွေကြောင့် အရမ်းစိတ်ဆိုးဒေါသထွက်နေပြီဆိုတာ မေးစရာမလိုအာင် ဆောနူးသိနေသည်။

"ဂင်မ်ဆောနူး မင်းကို ဘယ်သွားမလို့လဲလို့ ငါမေးနေတယ်လေ"

ဆောနူးမှာ ပေးဖို့အကြောင်းပြချက်မှမရှိတာပဲ ဘာအတွက်ဖြေပေးနေရမှာလဲ...အနားက ထွက်သွားလိုက်ရုံနဲ့ အဆုံးသတ်လို့မရဘူးလား။ ချစ်တဲ့ဂျယ်ယွန်းကိုရော သူကိုယ်တိုင်ပါ နာကျင်စရာကောင်းတဲ့စကားတွေကို ပြောကြမှ ဖြစ်မှာလား။

ဂျယ်ယွန်းရဲ့အကြည့်တွေကို ရှောင်လွှဲလိုက်ပြီး သူ့ကို တွန်းဖယ်ကာ ထွက်သွားဖို့လုပ်တဲ့ ဆောနူးရဲ့ ပုခုံးနှစ်ဖက်ကို အားနှင့်ဆုပ်နယ်လာပြီး နံရံဆီတဖန်ရောက်အောင် တွန်းပို့လိုက်ပြန်တဲ့ဂျယ်ယွန်း။

"ငါ့ကို အကြောင်းပြချက်မပေးဘဲ ထွက်သွားလို့ရတယ်ပေါ့လေ ဂင်မ်ဆောနူး...ငါ့အနားကို မင်းသဘောနဲ့မင်းရောက်လာလို့ရပေမဲ့ ထွက်သွားဖို့ကတော့ မင်းသဘောအတိုင်းမရဘူး"

"မင်းနဲ့ငါ လမ်းခွဲဖို့ အကြောင်းပြချက်ကပေးရဦးမှာလား...ငါသွားတော့မယ် ဂျယ်ယွန်း"

"မရဘူး ဆောနူး ဘာကြောင့်ငါ့ကို ထားသွားမှာလဲ ဒီတခုပဲ ပြောဖို့ ငါတောင်းဆိုနေတာလေကွာ ငါမင်းကို သိပ်ချစ်တာ မင်းသိတယ်မဟုတ်ဘူးလား"

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now