~Seven~

806 100 9
                                    

Part-7
[ Unicode ]

ဆောနူးရဲ့ မနက်ခင်းအငွေ့အသက်က သူနှင့်အတော်လေးစိမ်းသက်နေသည်။ မရင်းနှီးတဲ့ အိပ်ယာကုတင်, အစိမ်းသက်သက်ခံစားမိတဲ့ ဒီအခန်းကျယ် အားလုံးက သူ့အတွက်အသစ်တွေအတိုင်း။
အင်းလေ ဆောနူး မနေ့တုန်းက စိတ်ရူးပေါက်ပြီး ဂျယ်ယွန်းရဲ့အိမ်မှာနေမယ်ဆိုပြီး ရောက်လာခဲ့တာပဲ...နောက်
နှစ်ရက်လောက်ဆိုရင်တော့ အနည်းငယ်အသားကျသွားမယ်ထင်မိပါရဲ့။ သူ့အတွေးတွေက ခုလိုမနက်အိပ်ယာနိုးတာနဲ့တပြိုင်နက် အဖေ့အိမ်ကိုသာ ပြန်တော့ဖို့သာ စိတ်ကူးမိပြန်သည်...ဒါပေမဲ့ အဲ့အိမ်ကိုမပြန်ချင်မိပါ ဟိုမိန်းမတွေနဲ့မတွေ့ချင်တာကြောင့်ရော အဖေပြောလာမဲ့အမွေကိစ္စအကြောင်းအရာတွေကိုနားမထောင်ချင်မိတာကြောင့်ပါ။

အဖေ့ကို လတ်တလောရှောင်ချင်မိတာကြောင့် မကြာခင်ကမှသူငယ်ချင်းလေးတော်ခွင့်ရထားတဲ့ ဒီကောင် ဂျယ်ယွန်းအိမ်မှာ နှစ်လလောက်နေပစ်မည်ဟုစိတ်ကူးထားသည်က တစ်ရက်တောင်မခံချင်တော့...အခုချက်ချင်းပြန်ချင်စိတ်တွေပေါက်လာခဲ့သည်။ ဘာကြောင့်ဆို မနေ့ကပင် ရည်းစားစကားအပြောခံရရုံမက အသားလွတ်ကြီး အသားယူပါခံလိုက်ရသေးသည်။ အိမ်ကိုရောက်လာတဲ့ သူငယ်ချင်းကို ဖင်ပူအောင်တောင်မထိုင်ခိုင်းပါဘဲ မျက်နှာပူစရာတွေဖြစ်အောင် ပြုမူခဲ့သော ဂျယ်ယွန်းကို ဆောနူး မကျေနပ်သလိုစိတ်လဲဆိုးမိပါသည်...အဖေ့ကြောင့်စိတ်တိုလာခဲ့သမျှ သူ့ကြောင့် ရှက်စိတ်တွေနှင့် နေမထိထိုင်မသာတွေဖြစ်ခဲ့ရသည်။

ပြီးတော့ ဘယ်သူ့အပိုင်မှဖြစ်ခွင့်မရှိသေးတဲ့ ဆောနူးရဲ့နှုတ်ခမ်းထက်ကအနမ်းတွေကို ထိုလူက တညတည်းမှာပင် နှစ်ခါတိတိ သူ့စိတ်တိုင်းကျအရယူခဲ့ပါသေးသည်...ဒီတော့ အလိုလိုနေရင်း ဆောနူးရဲ့ ဘဝမှာ ပထမဆုံးတွေ့ကြုံခွင့်ရတဲ့အနမ်းက ထိုလူဂျယ်ယွန်းသာ ဖြစ်သွားတော့သည်။ အခုလိုအခြေအနေတွေကြီးထိဖြစ်လာခဲ့မှတော့ ဂျယ်ယွန်းကို ဘယ်လိုလုပ် သူငယ်ချင်းဆိုတဲ့ ခံစားချက်ကြီးထားလို့ရတော့မှာလဲ...အစကတည်းမှ ဂျယ်ယွန်းအပေါ်ထားမိတဲ့ ဆောနူးခံစားချက်တွေက မရှင်းမလင်းဖြစ်နေခဲ့ရတာကို။အခုတော့ အဲ့ရှင်းဂျယ်ယွန်းဆိုတဲ့လူကြီးကြောင့်ပဲ ခံစားချက်တွေက ပိုလို့ကမောင့်ကမဖြစ်ကုန်ရသည်။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now