~Eighteen~ [ F.I.NA.L ]

1.2K 84 39
                                    

Part-18 ( Final )
[ Unicode ]


"ဘုရားသခင်ရှေ့တော်မှောက်မှာ အပြန်အလှန်ကတိသစ္စာပြုပြီးကြသည့်အလျှောက် မင်းတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တရားဝင်သက်ဆိုင်သူတွေဖြစ်သွားကြပါပြီ...ရှေ့လျှောက်မင်းတို့ခရီးလမ်းသာယာနိုင်ပါစေ"

ဖာသာရဲ့ တောင်းဆုစကားသံအဆုံး ဧည့်ပရိတ်သတ်ထံမှ ဩဘာပေးသံလပ်ခုပ်သံများများ သောင်းသောင်းလျလျထွက်ပေါ်လာခဲ့သည်။

ဧည့်ပရိတ်ဆီမှ အကြည့်တို့ကို ဖယ်ခွာလိုက်ကာ အရှေ့မှာ ရပ်နေသော လူသားကို အာရုံစိုက်မိသည်။
ထိုလူသားအနားသို့ ခြေလှမ်းတွေကို ခပ်ဖြေးဖြေးလှမ်းလာခဲ့သည်။ မျက်လုံးခပ်ဝိုင်းဝိုင်းလေးအနေအထားဖြင့် သူလှုပ်ရှားသမျှ အံ့ဩတကြီးကြည့်နေတဲ့
ထိုလူသားက အခုကျမှ သနားစဖွယ် ယုန်သူငယ်လေးသဖွယ်။

ရင်ဘတ်နှစ်ခု ထိကပ်လုအကွာအဝေးကို ရောက်ကာမှ ခြေလှမ်းတို့ကို ရပ်တန့်လိုက်ကာ...မျက်စိရှေ့က လူသားရဲ့ မျက်ဝန်းတွေအထဲ လေးနက်စွာ စိုက်ကြည့်မိသည်။ အကြည့်မလွှဲဘဲ သူ့ကို အံ့ဩခြင်းအကြည့်များနှင့် ပြန်ပြီးတုံ့ပြန်လာခဲ့သော နူးညံ့တဲ့မျက်ဝန်းပိုင်ရှင်အား...

"ခင်ဗျား ဘာလို့လန့်နေတာလဲ"

"ဗျာ..."

ရုတ်တရက်ကြီး တိုးညှင်းစွာ ထွက်ပေါ်လာသော အာမေဋိတ်အသံကြောင့် အသံမထွက်ရုံရီမိသည်။
နှုတ်ခမ်းဖူးဖူးလေးက ဘယ်လောက်တောင်နူးညံ့နေသည်မသိ ပျော့အိလွန်းနေ၍ ပန်းရောင်သန်းကာ ခပ်စိုစိုလေးဖြစ်နေသည်အထိ။

"ကျွန်တော်နမ်းမလို့လေ"

"ဗျာ"

"အိုဗာတွေသိပ်မလုပ်နဲ့လေဗျာ မဟုတ်ရင်
ကျွန်တော်ကပဲ ခင်ဗျားကို အနိုင်ကျင့်နေတဲ့အတိုင်း"

"လူတွေအများကြီးအရှေ့မှာ ခုလိုရုတ်တရက်ကြီးဆိုတော့"

"အမူအရာတွေကလဲ ခင်ဗျားမဟုတ်တဲ့အတိုင်းပဲ လူစားထိုးခံရတာလား"

"အခုချိန်မဟုတ်သေးဘူး...ဆော~"

"ကျစ်!! စကားများလိုက်တာဗျာ"

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Tempat cerita menjadi hidup. Temukan sekarang