~Four~

870 123 5
                                    

Part-4
[ Unicode ]

နေ့လည်ထမင်းစားချိန်ရောက်ပြီဖြစ်တာကြောင့် ဂျယ်ယွန်းကျောင်းကန်တင်းသို့ထွက်လာခဲ့လိုက်သည်။
ကျောင်းစာတွေမှာသာ ပျက်ကွက်ပေမဲ့ ကျောင်းကအစားအသောက်တွေတော့ လစ်ဟင်းမခံနိုင်ပါ ဒီနေရာတွေတော့ ဂျယ်ယွန်းဝီရိယရှိပါသည်။ သူငယ်ချင်းကောင်းကြီး ပတ်ဂျေးကို ထမင်းစားဖို့ရာ အဖော်ခေါ်သော်လဲ စာကို ရီးစားတော်ထားတဲ့ထိုအကောင်က အရမ်းကြိုးစားနေတာမို့ စာကြည့်တိုက်တွင်ကျန်ရစ်နေခဲ့သည်။

ဘာဖြစ်လို့အသည်းအသန်ကြိုးစားနေမှန်းမသိ...အချိန်တန်ဘွဲ့ရမှာပဲကို။ ဂျယ်ယွန်းက ကျောင်းစာတွင်အရမ်းအားစိုက်စရာမလိုဘဲ ကျောင်းမှာအဆင့်တွေကောင်းသည်...ပင်ကိုဉာဏ်ကိုက မွေးရာပါ ပါရမီပါနေသည်ထင်။ ဂျယ်ယွန်းနည်းတူ သူငယ်ချင်းတော်ထားရတဲ့ ထိုပတ်ဂျေးမှာလဲ ဉာဏ်ကောင်းပါလျှက် သူ့ဝါသနာကိုက စာလုပ်နေရတာကို သဘောကျနေပုံပင်။

ဂျယ်ယွန်း ထမင်းစားအဆောင်ထဲသို့ဝင်ဝင်ချင်း စားသောက်ပြီးစီးသွားလို့ထင်ရဲ့ ထမင်းစားဆောင်မှ ထွက်လာသော သူမကိုတွေ့လိုက်ရသည်။
သူမက တခြားသူမဟုတ်။ ဟိုတနေ့က ချာတိတ်ကားပေါ်မှ ဆင်းလာတဲ့မိန်းကလေး။
အမှားလုပ်ထားတာ သူမ မဟုတ်ပါဘဲ ကြားထဲကနေ ဂျယ်ယွန်းကို တောင်းပန်သွားသေးသည်မလား။ ဂျယ်ယွန်းတောင်းပန်စေချင်သူကချာတိတ် တကယ်တမ်းလက်တွေ့မှာ မဆီမဆိုင်တောင်းပန်နေသည်က ထိုမိန်းကလေးဖြစ်တာကြောင့် အနည်းငယ် စိတ်အိုက်သွားမိခဲ့သေးသည်။

ဂျယ်ယွန်းရဲ့ ဗီဇအရ မိန်းကလေးလှလှလေးတွေဆို ဝင်ရောတတ်သူမို့ ချာတိတ်ကားပေါ်ကမိန်းကလေးကိုလဲ ခင်မင်ချင်တဲ့စိတ်က ဘယ်နေရာကနေမှန်းမသိ ထိုးထွက်လာပြန်သည်။

ထိုမိန်းကလေးရဲ့ အရှေ့တည့်တည့်မှာ ဂျယ်ယွန်း
ပိတ်ရပ်လိုက်တော့ မိန်းကလေးမှာ လန့်သလိုလိုဖြစ်သွားရင်း ဂျယ်ယွန်းကို ပြူးကြောင်ကြောင်လေးမော့ကြည့်လာခဲ့သည်။ မိန်းကလေးတိုင်းက ဘာလို့အမြဲချစ်ဖို့ကောင်းနေကြတာလဲ။

"ဟိုင်း...ကိုယ့်ကို မှတ်မိသေးလား ကလေးမ"

"အာ...ဟိုနေ့က စီနီယာအကို"

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now