~Two~

1.1K 162 3
                                    

Part-2
[ Unicode ]


ဆောနူးနိုးထလာတဲ့မနက်ခင်းလေးမှာ ယမန်နေ့တွေကလိုပုံမှန်အချိန်အတိုင်းသာ။ မနေ့ညက အိမ်ပြန်ချိန်မှာညသန်းခေါင်ဖြစ်ခဲ့ပေမဲ့လဲ မျက်လုံးအစုံတို့ကကျင့်သားရနေပြီထင်သည်။ကျောင်းသွားခြင်းဆိုတဲ့ခေါင်းစဉ်အောက်က အလုပ်တစ်ခုအတွက် စတင်ပြင်ဆင်နေလေပြီ။

ပိုးသားလိုနူးညံ့ပျော့အိနေတဲ့ ခဲရောင်ဆံနွယ်တို့ကို ထိုးဖွကစားလိုက်ပြီးသည့်နောက် ကြေးမုံထဲမှကိုယ့်ရုပ်လွှာကို ကျေနပ်အားရနေမိသည်။ ဂင်မ်ဆောနူးရဲ့ချောမောပြီးချစ်စရာကောင်းနေမှုကတော့ အမြဲတမ်းနံပါတ်တစ်ပါပေ။

ကျောင်းသွားဖို့ရာ စားပွဲခုံပေါ်မှ ကားသော့ကိုယူပြီး အခန်းထဲမှထွက်လာခဲ့သည်။

အိပ်ခန်းထဲမှထွက်ထွက်လာချင်း ထမင်းစားခန်းမှ ရီမောသံအချို့ကြားလိုက်ရသည့်အချိန်မှစ ဆောနူးရဲ့ ကျက်သရေရှိလှတဲ့ မနက်ခင်းလေးက အမင်္ဂလာအဖြာဖြာနှင့်ပြည့်ဝလျှက်။ သက်ပြင်းရှည်တစ်ခုချပြီး တောက်တချက်ခတ်လိုက်သည်...ဒီတစ်နေ့တာလဲ အရင်နေ့တွေကလို စိတ်မကြည်မလင်ဖြစ်နေရတာပါပဲလား။ မင်္ဂလာမရှိတဲ့သူတွေရှိနေသ၍တော့ဆောနူးဘယ်လိုမှ စိတ်ပျော်နိုင်မည်မထင်။

ပုခုံးတဖက်တည်းပေါ်သို့သာ သိုင်းလွယ်ထားတဲ့ကျောပိုးအိတ်ကို ဆွဲယူကိုင်ဆုပ်လိုက်သည်။ ရီမောသံတွေကိုလျစ်လျူရှုကာ ထမင်းစားခန်းရှေ့မှ ခေါင်းကိုငုံ့ရင်း တတ်နိုင်သမျှမြန်မြန်ဖြတ်လျှောက်လာခဲ့သည်။ ထိုလူတွေက ဆောနူး ဖြတ်သွားတာကိုတောင်သတိထားမိမှာမဟုတ်ပေ...ဆောနူးက သူတို့ရဲ့ ရီစရာအကြောင်းအရာတွေလောက်အရေးမှပါမနေတာလေ။

အပြင်လူတွေအလယ်မှာသာ ဆောနူးကို သားတစ်ယောက်အဖြစ် လူရာသွင်းတတ်ပြီး အိမ်မှာဆိုရင်တော့ ရှိတယ်လို့တောင် ထင်မှတ်မထားပါသော မိသားစုတစ်ခုကို ဆောနူးပိုင်ဆိုင်ထားသည်။

ဖြစ်နိုင်ရင် ဒီအိမ် ဒီမိသားစုဆိုတဲ့သူစိမ်းတွေရဲ့ အဝေးတစ်နေရာမှာ ဆောနူး သူ့ဘဝကိုရှင်သန်ချင်သည်။
သို့သော် ဒီနေရာမှာ မရှိမဖြစ်ရှိနေရတဲ့အကြောင်းအရင်းတခုတည်းက ဖေဖေ့ကြောင့်သာ။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Opowieści tętniące życiem. Odkryj je teraz