~Nine~

756 88 16
                                    

Part-9
[ Unicode ]



"ရတော့မှာလား ဂျယ်ယွန်းရ...မင်းဟာက ကြာလိုက်တာ"

"ချာတိတ် မင်းက ကိုယ့်ကို လာမကူဘဲ အဲ့မှာပဲထိုင်ပြီးအော်နေလိုက်"

"ငါမလုပ်တတ်ဘူးလို့ အစတည်းကပြောထားသားပဲ မင်းပဲ လုပ်ကျွေးချင်လွန်းလို့ပါဆို"

"အင်းအဲ့တော့ လုပ်ကျွေးတဲ့ကိုယ့်အမှားပေါ့ မင်းက
မစားမှာကျနေတာပဲ"

"ငါ့အတွက်တောင်မလုပ်ပေးချင်ဘူးလား စကားမများစမ်းနဲ့ နားညီးတယ် ရှင်းမ်ဂျယ်ယွန်း"

​အသံစူးရှရှနဲ့ အာပြဲအောင်အော်နေတဲ့ သူ့ရဲ့ပေါက်စအား ချက်ပြုတ်နေရလို့ကျောပေးထားရာမှ လှည့်ကြည့်ရင်း ပြုံးလိုက်သည်။ ဖက်ထုပ်ဖြူက ဂျယ်ယွန်းရဲ့ကောင်လေးမဖြစ်ခင်တည်းက ကလေးတစ်ယောက်လို သူ့အပေါ်ဆိုးချင်တိုင်းဆိုးနေတာ...ဂျယ်ယွန်းရဲ့ကောင်လေးဖြစ်လာပြန်တော့လဲ မပြောင်းမလဲအရင်လိုဆိုးတုန်းပါပဲ ဒါပေမဲ့ပိုပိုဆိုးလာတယ်လို့ ဂျယ်ယွန်းထင်မိရဲ့။ နည်းနည်းတော့ကွာသွားတာပေါ့...အရင်က ဂျယ်ယွန်းကို အမြင်ကတ်လို့ဆိုးသလိုဖြစ်သွားတာတဲ့ အခုတော့ ချစ်လို့ ဆိုးချင်လို့ကို ဆိုးတာပါတဲ့...ဘယ်လောက်အသဲယားဖို့ကောင်းတဲ့ သူ့ရဲ့ကလေးလေးလဲ။ ဂျယ်ယွန်းကို ချစ်တယ်ဆိုပြီး တဖွဖွမပြောတတ်တဲ့ ဖက်ထုပ်ဖြူလေးထံမှ *ယွန်းကို ချစ်လိုက်တာ* ဆိုတဲ့စကားကြားလိုက်ရတိုင်း ဒီကောင်ကြီးက အပူနဲ့ထိတွေ့သော ရေခဲတုံးကဲ့သို့ အရည်ပျော်ကျနေရတာပင်။

ကလေးနဲ့ သူ့ရဲ့ ချစ်သူသက်တမ်းတောင် တစ်လပြည့်ခါနီးနေလေပြီ...အနှောင့်အယှက်အတားအဆီးမရှိတဲ့ သူတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ အေးချမ်းသာယာစွာပင်။ အမြဲတမ်းထိ ယခုလိုအေးချမ်းနိုင်မည်ထင်ပါရဲ့လေ။

"ဆောနူး ကိုယ့်ဆီခဏလောက်လာခဲ့ပါဦး"

"မလာချင်ဘူး မင်းရဲ့ရေခဲမုန့်ရမှ ငါ့ခေါ်လိုက် ဒီမှာ လိုင်းသုံးရင်းဖုန်းပွတ်လို့ကောင်းတယ် မင်းဆီလာရင် မင်းကအာရုံနောက်တယ်"

ဆိုဖာကိုမှီထား၍ လျော့ရဲစွာ ပျော့ခွေထိုင်နေပုံက ကျောရိုးမရှိတဲ့အတိုင်း။ ဂျယ်ယွန်းရဲ့ အဖြူလုံးလေးကအဲ့လိုပဲအမြဲဆိုးတတ်သည် စကားနားမထောင်ချင်...ဂျယ်ယွန်းရင်ထဲကို ပျားသကာရည်လောင်းသလိုနားဝင်ချိုအောင်လဲ စကားပြောအရမ်းတတ်သလို သူများကို စိတ်ဆိုးချင်အောင်လဲ အခုလိုပြောတတ်သေးသည်။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now