~Fifteen~

577 71 8
                                    

Part-15
[Unicode]







"ကိုယ်ဖုန်းဆက်ခေါ်လိုက်လို့ dinner မပြီးသေးဘဲ
ဒီကိုထွက်လာရတာဆိုတော့ ပင်ပန်းနေလား"

"Oppa က ဘာရမ့်ကို ထူးထူးဆန်းဆန်းခေါ်လို့ကိုအံ့ဩနေတာပါ...ပင်ပန်းစရာလား"

"အဆင်ပြေရင်ပြီးတာပါပဲ"

ဂျယ်ယွန်းရှေ့မှာ ခပ်ကျုံ့ကျုံလေးထိုင်လို့နေကာ
လက်ရှည်ခါးတိုကုတ်အင်္ကျီနှင့် ဒူးလောက်ထိတိုသော ဇာဂါဝန်အပါးဝတ်ဆင်ထားတဲ့ သူမကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဂျယ်ယွန်းခပ်ရွဲ့ရွဲ့ပြုံးမိသည်။

သူ့ကို မချစ်ဘူးသာဆိုတယ်...ခေါ်တာနဲ့ ချက်ချင်းရောက်လာတာ ဘယ်ဆိုးလို့လဲ။ သူတို့နှစ်ယောက်
လက်ထပ်ပြီးကြရင်တော့ ဂျယ်ယွန်းအတွက် မိန်းမတစ်ယောက်ရလိုက်တာမဟုတ်ဘဲ ခိုင်းလို့ကောင်းမယ့် အစေခံတစ်ယောက်ရလိုက်သလိုပါပဲ။ ထက်မြတ်တယ်လို့ ထင်ရတဲ့ ဒီမိန်းမက သူ့ရှေ့မှာတော့ ပြားပြားဝပ်ဖြစ်နေမှာပါ။

နောက်ဆုံးမှာ သူ့ကို ပိုင်ဆိုင်လိုက်ရလို့ ဘာရမ်အတွက် အောင်မြင်မှုကို ခံစားရခြင်းမဟုတ်ဘဲ နောင်တရခြင်းတွေသာ ခံစားရမည်။ ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ သူ့ကို နောက်ထပ်ပိုင်ချင်စိတ်မရှိဘဲ လွှတ်ပစ်ချင်စိတ်ပေါက်ရလောက်အောင် သူမခံစားနေစေရအောင် သူကိုယ်တိုင်ဖန်တီးပေးမှာ။

အရာအားလုံးသူမကြောင့်။
သူမသာ ရှေ့ဆက်မတိုးဘဲ အသာတကြည်နောက်ဆုတ်ပေးခဲ့မယ်ဆို စိတ်ကူးနဲ့တောင်တွေးကြည့်လို့မရတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ဂျယ်ယွန်းစိတ်ကူးမိမှာတောင်မဟုတ်ဘူး။ အခုတော့ နောက်ကျသွားပြီ။

"Oppa ဘာရမ့်ကို ဘာပြောစရာရှိလို့ခေါ်တာလဲ"

သူမကို အဖြေပြန်မပေးမိဘဲ စားပွဲပေါ်တင်ထားတဲ့
ဝီစကီပုလင်းကို လက်လှမ်းယူစဉ် သူမကအလိုက်သိစွာ ကြားဖြတ်၍ယူပေးလာသည်။

ထို့နောက် ဂျယ်ယွန်းလက်ထဲက ခွက်ထဲသို့ ဝီစကီအချို့ကို ငဲ့ပေးရင်း...

"ဒါတွေဘာလို့သောက်နေတာလဲ"

"စိတ်ညစ်လို့"

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now