~Ten~

614 77 38
                                    

Part-10
[ Unicode ]


"မောင်လေး Ice americano ရပြီနော်"

"ဟုတ် အမ ကျေးဇူးတင်ပါတယ်"

ကော်ဖီဆိုင်က အမကြီးလှမ်းပေးတဲ့ ကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း ကျသင့်ငွေကို ငွေသားနဲ့ပဲရှင်းပေးလိုက်သည်။

ဂျောင်ဝန်းရဲ့ နောက်ဆုံးစာမေးပွဲကနီးကပ်လာတာနဲ့အမျှ စာလုပ်ရတာပင်ပန်းလာလို့ စာကြည့်တိုက်ကအပြန် ကော်ဖီဆိုင်ဝင်ကာ ကော်ဖီတခွက်ပါဆယ်ဝင်ဝယ်နေခြင်းဖြစ်သည်...စာကျက်ရတာများလို့ နောက်ကျိနေတဲ့စိတ်တွေကို ကော်ဖီသောက်ရင်း ဖြေလျော့ချင်တာလဲပါသည်။

ကော်ဖီတငုံကို ပိုက်နှင့်စုပ်သောက်လိုက်ပြီး ဆိုင်ပြင်သို့ ဂျောင်ဝန်းအထွက်...

"ဟာ...သွားပြီ သွားပြီ"

ကော်ဖီခွက်ကို ကိုင်ထားရင်း အပြင်ထွက်ဖို့ရာ ဆိုင်တံခါးကို ဆွဲဖွင့်လိုက်စဉ်မှာပဲ ဆိုင်ထဲသို့ဝင်လာတဲ့ လူတစ်ယောက်နှင့် ဝင်တိုးကာ လက်ထဲကကော်ဖီတွေက ထိုလူရဲ့ အင်္ကျီရင်ဘတ်နေရာတည့်တည့်သို့ ပေစွန်းကုန်ရသည်။ အဝင်အထွက်တံခါးအကျယ်က လူနှစ်ယောက်သွားလာလို့ရအောင်တော့ ကျယ်ပါသေးသည်...ဒါကို နှစ်ယောက်က လမ်းကျယ်ကျယ်မှာ တည့်တည့်ဝင်တိုးကြသေးသည်...နှစ်ယောက်စလုံး အာရုံကိုယ်စီနဲ့ အတွေးတွေများနေကြလို့ထင်ရဲ့။

ဘယ်သူကမှားတယ် မှန်တယ်ဆိုတာတွေ အငြင်းမပွားချင်။ လက်ရှိမှာတော့ ဂျောင်ဝန်းရဲ့ ကော်ဖီတွေက ထိုလူရဲ့ အင်္ကျီမှာပေစွန်းကုန်တော့ ဒါဂျောင်ဝန်းရဲ့အမှားဖြစ်သွားပြီလို့သာ သတ်မှတ်ရတော့မည်။

"အယ် စွန်းကုန်ပြီ ဘယ်လိုလုပ်မလဲ"

ထိုလူကို အားနာစိတ်နဲ့ ဂျောင်ဝန်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာမို့ ပေစွန်းသွားတဲ့ သူ့ရင်ဘတ်နေရာကို လက်နှင့်ပြောင်အောင် ပွတ်တိုက်ပေးနေသေးသည်။ ရွေ့လျားနေတဲ့ သူ့လက်တွေကို ထိုလူက ဖမ်းဆုပ်လိုက်ကာ...

"ရတယ် ညီ...အကို အဆင်ပြေတယ်"

ထိုလူရဲ့ လက်တွေထဲမှ သူ့လက်ကောက်ဝတ်ကိုရုန်းထွက်လိုက်ရင်း ဂျောင်ဝန်း ထိုလူကိုမော့ကြည့်လိုက်တော့ စိတ်တိုဒေါသထွက်နေမယ့်မျက်နှာအစား ဂျောင်ဝန်းကို ပြုံးလျှက်စကားဆိုနေသော ထိုလူ့မျက်နှာနှင့်မိတ်ဆက်ရသည်။

ᗩ ᒪIᑭ'𝘀 𝗧𝗔𝗦𝗧𝗘 [SunJake] (Completed)✅✅Where stories live. Discover now