အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)

548 89 6
                                    

-ကိုယ်တော့်ကို ကိုယ်တိုင် ဆေးတိုက်စေချင်
နေတာလား? -

ယန်ရှင်းအဆောင်တော်ထဲ၌ အသုံးအဆောင်ပစ္စည်းများကို သပ်ရပ်စွာ ခင်းကျင်းထားပြီး အဆင်တန်ဆာများမှာလည်း အရည်အသွေးကောင်းလှ၏။အဆောင်တော်မှ မြေအောက်ဥမင်များက အပူဓာတ်ကို အဆက်မပြတ် ထု
တ်လွှတ်လျက်ရှိရာ အပြင်တွင် မည်သည့် ရာသီကျရောက်နေပါစေ အတွင်းမှ အပူချိန်ကတော့ နွေဦးရာသီကဲ့သို့ပင်။

ယှဥ်ကြည့်ရလျှင် ဝေ့လျန်နေထိုင်ရာ ချင်ကျူးအဆောင်တော်မှာ အကယ်စင်စစ်ကို ဟောင်းနွမ်းယိုင်နဲ့နေပြီး စိတ်ပျက်စရာ ကော
င်းလှသည်။

နန်းတော်စောင့်က ပုတီးစေ့ ကန်လန့်ကာကို မ,တင်ပေး၏။ကျီယွယ့်သည် ဝေ့လျန်ကို အိ
ပ်ဆောင်ထဲသို့ ချီလာပြီး သလွန်တော်ပေါ်မှ တွဲလျားကျနေသော ကန်လန့်ကာကို ဖယ်၍ ဧကရာဇ်သလွန်ပေါ်သို့ ချပေးလိုက်သည်။

နူးညံ့သော သလွန်တော်နှင့် ထိတွေ့လိုက်သ
ည်နှင့် ဝေ့လျန်သည် အလွန်ကို သက်တောင့်သက်သာ ဖြစ်သွားပြီး ထချင်စိတ် မရှိတော့ဘဲ လူးလှိမ့်နေချင်စိတ်သာ ဖြစ်သွားရတော့
သည်။

ချင်ဧကရာဇ်က ဘယ်လို နတ်စည်းစိမ်ခံပြီး
တော့တောင် နေ,နေတာလဲ?

ချင်ကျုးအဆော်တော်မှ သစ်သားကုတင်လေးသည် ကျဥ်းမြောင်းပြီး မာကျောလှသည့်အတွက် ဝေ့လျန်မှာ ဟိုဘက်၊သည်ဘက် လှည့်ရန်တောင် အဆင်မပြေခဲ့ပေ။နှုတ်ဆိ
တ်နေခဲ့သော်လည်း သူ့နှလုံးသားထဲတွင်တော့ အချိန်အတော်ကြာအောင် ညည်းညူ
ခဲ့ဖူးသည်။

ဝေ့လျန် အနည်းငယ် မူးဝေလာရသည်။အပြ
င်ဘက်မှ လေစိမ်းများကြောင့် အအေးမိသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တွင်မူ နှင်းတောထဲ၌ ဒူးထောက်ခဲ့ရခြင်းကြောင့် ဖြ
စ်ပြီး သူ့အနေနှင့် ပုံမှန်အတိုင်း ကျန်းမာရေးကောင်းနေရန်တော့ မဖြစ်နိုင်ပေ။

သူ့ပုံစံမှာ ချင်ဧကရာဇ်၏ မျက်ဝန်းထဲတွင် မည်သို့မည်ပုံ ရှိနေမည်ကိုတော့ မတွေးနိုင်ခဲ့။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now