အခန်း ၂၀/ အရူး

89 21 0
                                    

-ကျွန်တော်မျိုးကိုအပြစ်မပေးလို့ရမလား-

ထန်ချွမ်းအဆောင်တော်ဝယ်၊ ဝေ့လျန်တစ်ယောက် စိတ်အေးလက်အေး ရေစိမ်နေဆဲဖြစ်
သည်။ ရေမျက်နှာပြင်ဟာ ရင်ဘတ်ကို ကျူး
ကျော်လျက် ညှပ်ရိုးအောက်တွင် ငြိမ်သက်နေ
၏။ လည်တိုင်သွယ်သွယ်နှင့် ရေစိုနေသော ခ
န္ဓာကိုယ်အလှဟာ မြင်သူတကာကို အရူးအမူး
စွဲလန်းသွားအောင် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။

ရေချိုးကန်ထဲတွင် အနီရောင်ပွင့်ချပ်များလည်း ကြဲထားသည့်အတွက် ဝေ့လျန်၏ ပတ်လည်တွင် ရောင်ပြေးအရိပ်ထင်နေမှုဟာ ရေကန်ထဲမှ နိုးထလာသော ပန်းမိစ္ဆာနှင့်ပင် ဆင်တူနေသေးသည်။ ထိုမြင်ကွင်းကြောင့် ထန်ချွမ်းအဆောင်တော်ထဲသို့ ဒုန်းစိုင်းဝင်လာသော ကျီယွဲ့၏ ခြေလှမ်းများမှာ ရုတ်ချည်း အရှိန်လျော့သွားရလေသည်။ ရင်
ဘတ်ထဲမှ ဒေါသမီးလျှံများမှာလည်း ရေနှင့်ပက်လိုက်သကဲ့သို့ ရှဲခနဲအရှိန်သေသွားကာ အခိုးအ
ငွေ့တချို့သာ တလူလူလွင့်ကျန်ခဲ့လေသည်။

"အားလုံး ထွက်သွားကြစမ်း"

ကျီယွဲ့သည် ဝေ့လျန်၏ ခန္ဓာကိုယ်ဟာ ကန်ရေ
ပြင်အောက်တွင် နစ်မြုပ်နေသော်လည်း သူမှလွဲ
၍ အခြားသူစိမ်းများကို ကြည့်ခွင့်မပေးနိုင်သောကြောင့် ရောက်ရောက်ချင်းမှာပင် ပြန်မောင်းထုတ်လိုက်လေသည်။

"အမိန့်တော်အတိုင်းပါ"

ဤသို့ဖြင့် ထန်ချွမ်းအဆောင်တော်တွင် သူနှင့်ဝေ့လျန်နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ထိုအ
ချိန်တွင်မှ ဝေ့လျန်က ဆတ်ခနဲ လှည့်ကြည့်ပြီး အံ့သြတကြီးမေးသည်။

"အရှင်ဧကရာဇ် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာ
တာပါလဲ"

"ကိုယ်သာမလာခဲ့ရင် မင်း ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးဖို့ စီစဥ်ထားတာကို သိခဲ့မှာတောင်မဟုတ်ဘူး"

ကျီယွဲ့က အပြုံးမမည်သော အပြုံးဖြင့် အေးစက်စွာပြောသည်။ ဆန့်ကျင်ဘက်အားဖြင့် ဝေ့လျန်ကမူတည်ငြိမ်နေဆဲပင်။

"အရှင်ဧကရာဇ် ဘာကိုဆိုလိုချင်တာလဲ"

သူသည် ကျူးယွဲ့ကို ထောင်ချောက်ဆင်ခဲ့စဥ်ကတည်းက ကျီယွဲ့ထံတွင် အဖော်ခံရနိုင်ကြောင်း ကြိုခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် ကျီယွဲ့လိုလူမျိုးဟာ အကြံကြီးသော အစေခံတစ်ဦး၏
စကားကို မျက်စိမှိတ်ခေါင်းညိတ်ပြီး ယုံမည့်သူမျိုးမဟုတ်သည့်အတွက် သူအနေနှင့်လည်း အ
ဆုံးထိ ဝန်မခံဘဲ အတင်းငြင်းနေရုံသာရှိသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now