အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု

152 28 5
                                    

-လျန်သခင်လေး၏လှည့်ကွက်-

ကျူးယွဲ့သည် ဝေ့လျန် သူမကို မည်သည့်အချိန်တွင် ပြဿနာရှာမည်ကိုတွေးပူပြီး ရင်တထိတ်ထိတ်ဖြစ်နေခဲ့သော်လည်း ဝေ့လျန်က သူမကို လုံးဝဆင့်မခေါ်ခဲ့ပေ။ သူမ အချိန်အတော်ကြာအောင် စိုးရိမ်သောကများခဲ့ရသော်လည်း ဝေ့လျန်ဘက်မှ တုပ်တုပ်မလှုပ်လာသည့်အတွက် ပြဿနာအားလုံး သည်အတိုင်းပြီးဆုံးသွားပြီဟု ထင်ခဲ့မိသည်။

ကျူးယွဲ့သည် လွန်ခဲ့သောရက်က ဝေ့လျန်နှင့် အရှင်ဧကရာဇ်တို့အတူ ယန်ရှို့လှောင်အိမ်မှ နန်းတော်သို့ ပြန်လာခဲ့ကြောင်း တဆင့်စကားကြားသိခဲ့သည်။ ဝေ့လျန်တစ်ယောက် အားမုံ့ကို အကြောက်လွန်ပြီး သူ့ကို လမ်းတစ်ဝက်တွင် ထားခဲ့သည့် အညတရနန်းတွင်းအစေခံကို မေ့လျော့သွားခြင်းဖြစ်မည်ဟု ကျူးယွဲ့ထင်ခဲ့မိသည်။ အကယ်၍များ ဝေ့လျန်က သူမကို မှတ်မိနေလျှင်တောင်မှ သူမဟာ ဝေ့လျန်ကို ရေအိမ်သွားမည်ဟု အကြောင်းပြချက်ပေးပြီး ထွက်လာသူဖြစ်သည့်အတွက် အပြစ်ကြီးကြီးမားမားမရှိပေ။ ဤသို့ ဖြေတွေးရင်း ကျူးယွဲ့လည်း မစားနိုင်မသောက်နိုင်ဖြစ်နေရာမှ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရှိလာသည်။

သူမ၏အမြင်တွင် ဝေ့လျန်ဟာ ချင်ဧကရာဇ်၏ မျက်နှာပေးခြင်းခံရလျှင်တောင်မှ ချင်အင်ပါယာတွင် အခစားဝင်နေရသူဖြစ်သည့်အတွက် ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ အရာအား
လုံးကို မလွဲမသွေ ခါးစီးခံရအုံးမည်သာဖြစ်သ
ည်။

ကျူးယွဲ့သည် ကိုယ့်အတွေးနှင့်ကိုယ် စိတ်နှင့်လူမကပ်ဖြစ်နေသော်လည်း ချင်ဧကရာဇ်မင်းထံ နေ့စဥ်နေ့တိုင်းအမှုထမ်းနေဆဲဖြစ်သည်။ တစ်ခါ
တစ်ရံတွင် ချင်ဧကရာဇ်မင်း၏ သလွန်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဝေ့လျန်ကို အစိမ်းလိုက်ဝါးစားလုမတတ် နာကျည်းမုန်းတီးစွာကြည့်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ဝေ့လျန်အပေါ် သူမ၏ မုန်းတီးမှုနှင့် မနှစ်မြို့မှုတို့ကို အရှင်ဧကရာဇ်ရှေ့တွင် မပြဝံ့ဘဲ မျိုသိပ်ထားရုံသာတတ်နိုင်ခဲ့သည်။

တစ်ခုသော နံနက်ခင်းတွင် လုံးဝမမျှော်လင့်ထားသောကိစ္စတစ်ခုဖြစ်ပျက်ခဲ့သည်။ ပုံမှန်နေ့များမှာကဲ့သို့ပင် ကျီယွဲ့ တော်ဝင်ရုံးတော်သွားတက်ချိန်တွင် ဝေ့လျန်တစ်ယောက် အိပ်မောကျနေဆဲဖြစ်သည်။ နေ့စဥ်ဝတ္တရားအရ ဝေ့လျန် အိပ်ရာနိုးခါနီးတွင် နန်းတွင်းအစေခံများက အဝတ်အစားများကိုင်ဆောင်ပြီး အဆင်သင့်ရပ်စောင့်နေရသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာTahanan ng mga kuwento. Tumuklas ngayon