အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်

246 32 3
                                    

-မဟုတ်ဘူး ဒါကအိပ်မက်ဆိုးပဲ-

ကျီယွယ့်နှင့် ဝေ့လျန်တို့သည် အကြိမ်ပေါင်းများစွာ အသံတိတ် တိုက်ခိုက်ခဲ့ကြသော်လည်း နော
က်ဆုံးတွင် လူအိုကြီးကျီယွယ့်ကသာ အရှုံးပေးလိုက်ရလေသည်။

ကျီယွယ့်သည် သူတော့ဖြင့် ဤဘဝတွင် ဝေ့လျန်ကို စကားနိုင်မလုနိုင်မည်ကို တဖြည်းဖြည်း စိုး
ရိမ်စပြုလာရတော့သည်။

ဝေ့လျန်သည် စကားနိုင်လုရသည့် ကဏ္ဍမျိုးတွင် အထူးကျွမ်းကျင်ပြီး လျင်မြန်စွာ တုံ့ပြန်နိုင်သည့် အရည်အချင်းရှိသည်။ မည်သည့်အခြေအနေတွင်မဆို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်စွမ်းရှိပြီး စားရမည့် ထမင်းတစ်လုပ်ကို ဟန်မပျက် စိမ်ပြေနပြေ ဆက်စားနိုင်သည် လူစားမျိုးပင်ဖြစ်သည်

ကျီယွယ့်အတွက် ဤအရည်အချင်းမျိုးကို 'အရှက်မဲ့ခြင်း'ဟု အဓိပ္ပါယ်ဖွင့်ရပေလိမ့်မည်။

ညချမ်းအချိန်အခါ၊ ဧကရာဇ်သလွန်ထက်ဝယ်။

ဝေ့လျန်သည် ကျီယွယ့်၏ နံဘေးတွင် ငြိမ်သက်စွာ အိပ်မောကျလျက်ရှိသည်။

သို့သော် ကျီယွယ့်ကမူ ဟိုလှိမ့်လိုက်၊ သည်လှိမ့်လိုက်နှင့် တစ်ကိုယ်တည်း အိပ်မပျော်နိုင်ဖြစ်နေ
သည်။ ဤသို့ဖြင့် ကိုယ်ပေါ်တွင် လွှားထားသော ပိုးသားခြုံစောင်ကို သတိလက်လွတ် စိုက်ကြည့်နေရင်း ဝေ့လျန် ရွတ်ပြခဲ့သည့် ကဗျာထဲမှ စာ
သားတစ်ကြောင်းကို ပြန်ကြားယောင်လာတော့
သည်။

လှပစွာ စီခြယ်လေသော မဂ်လာကုတင်ထက် အတင်းပွေ့ဖက် အကြင်သူနှစ်ဦးမှာ တဆတ်
ဆတ် တုန်ယင်နေသည်မို့ ပိုးဖဲစောင်တစ်ထည် လွှားလို့ထားရလေတယ်။

သေလိုက်ပါလား...ဘာကို အတင်းဖက်ပြီး တဆတ်တဆတ်တုန်နေလို့ စောင်ခြုံထားရမှာလဲ!

ထိုစာသားကို နားနှင့်ဆတ်ဆတ် ကြားရစဥ်က ကျီယွယ့်သည် နှလုံးသွေးများ ပြောင်းပြန်စီး
သွားသကဲ့သို့ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားရသည်။

ဤသို့ဖြင့် ခြုံစောင်ထူထူကြီးများအကြား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဝေ့လျန်ကို မနာလိုစွာ တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးအကြားတွင် တစ်မီတာခန့် နေရာအလွတ် ခြားထားလျက်ရှိ​ပြီး လက်ရှိတွင် ဝေ့လျန်သည် ကျီ
ယွယ့်ကို ကျောပေးထားသော အနေအထားမျိုး
ဖြင့် တစောင်းလှဲအိပ်နေခြင်းဖြစ်သည်။မှုန်ရီမှုန်
ဝါး ညဥ့်အမှောင်အောက်တွင်သော်မှ ကောက်
ကြောင်းအလှကို အသေအချာ မြင်နိုင်ပေသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now