အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း

417 66 2
                                    

-ကိုယ်တော် မြင်ရသလောက်တော့ မင်းက စားဖို့ သောက်ဖို့လောက်ပဲ ခေါင်းထဲမှာ ရှိတ
ယ်-

ဝေ့လျန်သည် ယန်ရှင်းအဆောင်တော်သို့ ည
တွင်းချင်း ပြောင်းလာခဲ့သည်။

ဤသည်မှာ ယခင်တုန်းက အခြား မည်သည့် ဧကရီမျိုးမှ မချီးမြှောက်ခဲ့ရသော အခွင့်အရေးမျိူးဖြစ်သည်။ဧကရီများသည် ကျောင်ဖန်းအဆောင်တော်တွင် နေထိုင်ကြပြီး ဧကရာ
ဇ်ဟာ လစဥ်၊လတိုင်း၏ ပထမဆုံးရက်နှင့် တစ်ဆယ့်ငါးရက်မြောက်ညများကို သိမ်းပို
က်လေ့ရှိသည်။သာမန်အားဖြင့် ဧကရာဇ် တ
စ်ပါးသည် ဧကရီတစ်ဦးတည်းကိုသာ စိတ်ဆန္ဒရှိစွာ အာရုံစိုက်လိုပါက ကျန်အငယ်အ
နှောင်းများကို အနောက်ဆောင်သို့ ခေါ်ဆော
င်သွားတတ်ကြသည်။ကိုယ်လုပ်တော်ကို ယန်ရှင်းအဆောင်တော်သို့ ခေါ်လာလျှင်တောင် ညဥ့်မကူးစေဘဲ ပြန်လွှတ်ပေလိမ့်မည်။

နှစ်ခြိုက်အခံရဆုံးသော ကိုယ်လုပ်တော်များသာ နံနက်လင်းချိန်တွင် တော်ဝင်ရုံးတော်သို့ ဧကရာဇ် မကြွမြန်းမီ ဝတ်ရုံတော် လဲလှယ်ချိ
န်အထိ နေထိုင်ခွင့်ရှိကြသည်။သို့သော် သူတို့
သည်လည်း နောက်ရက်များတွင် အနောက်ဆောင်သို့ ပြန်အပို့ခံရပေမည်။

ယန်ရှင်းအဆောင်တော်သည် ကောင်းကင်ဘုံမှ ချီးမြှောက်ခံထားရသော သားတော်၏ နေ
ရာ၊အရှင်ဧကရာဇ်၏ အိပ်ဆောင်---အမြဲတ
မ်းအတွက် တစ်ဦးတစ်ယောက်တည်း၏ အ
ပိုင်။

သို့သော် ဝေ့လျန်၏ အပြုအမူအရ ဤနေရာတွင် ရေရှည်နေထိုင်ရန် ဆုံးဖြတ်ထားပုံရသ
ည်။တွေးကြည့်စရာပင် မလိုအောင် ဧကရာဇ်
၏ အမိန့်တော်ကြောင့်သာ ဖြစ်ပေမည်။

ဤမင်းဆက်၏ မောင်းမဆောင်ထဲတွင် ဧက
ရီ မရှိသည့်အပြင် ကိုယ်လုပ်တော်ပါ မရှိခြင်းကြောင့် ဝေ့လျန်နှင့် လိုက်ယှဥ်ပြိုင်နေမည့် ပြိုင်ဘက်မျိုးလည်း မရှိချေ။

အခြားသူများ၏ မျက်ဝန်းထဲတွင် ဝေ့လျန်ဟာ အတော်လေး ကံကောင်းခဲ့သူဖြစ်သည်။အရှင်ဧကရာဇ်၏ ချီးမြှောက်မှုကြောင့် ဘုန်းအသရေ၊စည်းစိမ်ဥစ္စာနှင့် ရာထူးအဆင့်အ
တန်းအားလုံးသည် ဝေ့လျန်၏ လက်တစ်လှ
မ်းအကွာတွင် ရှိနေသည် မဟုတ်လား။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now