အခန်း ၁၃/ဝတ်ရုံလက်ဖြတ်

459 69 6
                                    

      -ဘာကြောက်စရာများရှိပါ့အုံးမလဲ? -

လွန်ခဲ့သော တစ်နာရီခန့်က၊ကျီယွယ့်သည် သူ
စိမ်းတစ်ယောက်နှင့် သလွန်တော် တစ်ခုတည်းပေါ်တွင် မျှအိပ်ရချိန်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်
ပျော်ရန် မည်သို့မည်ပုံ ကြိုးစားရမည်ကို အကြိ
တ်အနယ် တွေးနေ၏။

တစ်နာရီကြာပြီးနောက်၊ဘေးတွင် အိပ်နေသော လူငယ်ကို စိုက်ကြည့်၍ အဘယ့်ကြောင့် ဤမျှ မြန်မြန်အိပ်ပျော်နိုင်ကြောင်း တွေးရင်း နားမလ
ည်ဖြစ်ရပြန်သည်။

အတင့်ရဲလိုက်တာ....ကိုယ်တော့်ကို မျက်လုံးထဲတောင် မထည့်ဘူးပေါ့တကယ်ပဲ ချီးကျူးထို
က်ပါပေတယ်!

ကိုယ်တော် မင်းကို အေးခဲပြီး သေသွားအောင် ပစ်ထားလိုက်မှာ!

ကျီယွယ့်သည် စိတ်ဆိုးမာန်ဆိုး တွေး၍ စောင်ကို ဆောင့်ဆွဲလိုက်သည်။

မင်း အိပ်ပျော်နေတာကို မြင်တယ်နော်။ကိုယ်တော့်ဆီက စောင် ဘယ်လိုပြန်လုလဲ ကြည့်ကြသေးတာပေါ့

ဝေ့လျန်ကား ကျီယွယ့်နှင့် စောင်ပြိုင်မလုတော့ချေ။အမှန်တကယ် ပင်ပန်းနေပုံရပြီး မျက်ဝန်းများကို မှိတ်ထားရင်း ဝင်ချည်၊ထွက်ချည် အသ
က်ရှုသံများဟာ တသမတ်တည်း ဖြောင့်ဖြူးလျ
က်။

နံဘေးတွင် လှဲလျောင်းနေသော လူငယ်လေးသ
ည် လက်တစ်ဖက်ကို ခေါင်းအောက်တွင် ခု၍ မျက်မှောင်ကြုံ့ရင်း ခန္ဓာကိုယ်ကို ခပ်ကျုံ့ကျုံ့လေး ကွေးထားသည်။

စောင်ကို ကျီယွယ့် ဆွဲယူလိုက်ခြင်းကြောင့် လူ
ငယ်လေး၏ ခန္ဓာကိုယ်အနှံ့ နေရာအတော်များများဟာ အကာအကွယ် မရှိသည့်အတွက် အေးစက်လာပြီး ကျုံ့ကျုံ့လေး ကွေးနေသော အသွင်က ပို၍ အားနည်းဟန်ပေါ်လာသည်။

လူတစ်ဦး စိတ်ဖြောင့်လက်ဖြောင့် မနေနိုင်ချိန်တွင် ထိုကဲ့သို့ ပြုမူတတ်ကြောင်း ကျီယွယ့် ကော
င်းကောင်းနားလည်ထားသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now