အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး

456 80 4
                                    

-ဂုဏ်သရေရှိ သခင်လေးဟာ လူတွေကို ပိုး
ဖလံများလို လွယ်လင့်တကူ သတ်ပစ်နိုင်လေ
ရဲ့-

ယမန်နေ့ညက ဟန်ဆောင်မေ့လဲခဲ့ခြင်းသာ
ဖြစ်၏။ချင်ဧကရာဇ်ဟာ အလွန်အကင်းပါးသူဖြစ်သည့်အတွက် သူဟန်ဆောင်နေသည်ကို ရိပ်စားမိသွားမည်စိုး၍ မေ့လဲချင်ယောင်ဆောင်ကာ သလွန်တော်ထက်သို့ ပြန်ခေါ်လာသည်အထိ တစ်လမ်းလုံး မှိန်းလာခဲ့ခြင်းဖြစ်
သည်။

သူတို့နှစ်ဦးသည် စောင်တစ်ထည်စီခြုံ၍ သ
လွန်တော်ထက်တွင် အတူလှဲအိပ်ခဲ့ကြသည်။အစပိုင်းတွင် သတိကပ်ထားသော်လည်း အ
ဖျားဒဏ်ကတော့ ဟန်ဆောင်ခဲ့ခြင်းမဟုတ်လေရာ ကိုယ်ရော၊စိတ်ပါနွမ်းနယ်နေခြင်းကြောင့် တကယ်ကို အိပ်မောကျသွားခဲ့သည်။

ထို့နောက်၊သူနိုးလာသည်နှင့် ချင်ဧကရာဇ်၏
မျက်နှာကို အရင်ဆုံးမြင်လိုက်ရသည်။

........အမှန်ဆိုရသော် နံနက်စောစောစီးစီးတွ
င် မြင်လိုက်ရခြင်းက အတန်ငယ် ကြောက်ရွံ့စရာကောင်းသော မြင်ကွင်းမျိုးဖြစ်နေ၏။

ချင်ဧကရာဇ်သည် အပြစ်ပြောစရာမရှိသော သွင်ပြင်အင်္ဂါရပ်များနှင့် အလွန်ခံ့ညားကြည့်ကောင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ခပ်သော့သော့ မျက်တောင်ရှည်များနှင့် နှာတံမြင့်မြင့်တို့အပြင် နှုတ်ခမ်းပါးလေးတို့က အ
ချိုးကျနလှစွာ ကျက်သရေအတိပြီး၏။

ဝေ့လျန် အကြာကြီးစိုက်ကြည့်ခဲ့ပြီးနောက် ကျီယွယ့်သည် လှပသော မျက်ဝန်းအစုံတို့ကို ဖွင့်လျက် အိပ်ယာမှ နိုးလာခဲ့သည်။

သူ့အသံသည် မနက်စောစော နိုးကာစဖြစ်သ
ည်မို့ ခြောက်သွေ့အက်ရှနေသော်လည်း ဖီးနပ်ငှက်လို မျက်ဝန်းအစုံကတော့ ကြည်စင်တော
က်ပလျက်။

"ကိုယ်တော့်ရဲ့ ရုပ်ရည်က မင်းအကြိုက်လား?"

ဝေ့လျန်မှာ အထိတ်တလန့်ဖြစ်သွားရသည်။

ထို့နောက် ခြုံစောင်ကို ဖယ်၍ ကုတင်တစ်ဖ
က်ခြမ်း၌ ချက်ချင်းဒူးထောက်ချလျက် စိုးရွံ့သော အမူအရာဖြင့် ခေါင်းငုံ့ထားလေသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now