အခန်း ၁၄/ပန်းချီဆွဲချိန်

328 60 4
                                    

-နယ်ပယ်ခုနစ်ခွင်ဝယ် တုနှိုင်းမမီလေသော
ယောကျ်ား-

ချင်ဧကရာဇ်အနေနှင့် 'အရှင်ဧကရာဇ်၊သက်တော်ရာကျော်ရှည်ပါစေ' ' သမိုင်းတစ်လျှောက်ဘုန်းအသရေကျော်ဇောပါစေ' အစရှိသော ချီး
ကျူးထောပနာပေါင်းများစွာကို နားနှင့် မဆံ့အောင် ကြားခဲ့ရသော်လည်း ရိုးသားစစ်မှန်သော ခံစားချက်မျိုးကို ဘယ်သောအခါမှ မခံစားမိသည့်အပြင် တစ်နေ့တွင် လူတစ်ယောက်ထံမှ ထွက်ပေါ်လာသော စိတ်ရင်းစကားတစ်ခွန်းက သူ့နှလုံး
သားကို ညှို့ယူသွားနိုင်လိမ့်မည်ဟု မတွေးခဲ့မိချေ။

လူတွေရဲ့ စိတ်နှလုံးသားမှာ မကောင်းမှုတွေ ခိုအောင်းနေတတ်တယ် ဒါပေမယ့် အရှင့်မှာတော့ရှိဘူး ကျွန်တော်မျိုးက ဘာကိုများ ကြောက်နေပါအုံးလဲ?

ချင်ဧကရာဇ်သည် ချီးကျူးမြှောက်ပင့်သော စ
ကားမျိုးကို ကြားလိုခြင်း မဟုတ်။

သူ့အပေါ် ထိတ်လန့်ကြောက်ရွံ့ကြခြင်းကိုလည်း မလိုချင်။

ဤသည်မှာ သူကိုယ်တိုင် နားမလည်နိုင်သော သူအလိုရှိဆုံး တောင့်တမှုတစ်ခုဖြစ်သည်။

ကျီယွယ့်သည် ဝေ့လျန်ကို ခန့်မှန်းရခက်သော မျက်နှာအမူအရာဖြင့် လှမ်းကြည့်သည်။သူ့အ
ရှေ့မှ လူငယ်သည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စာသင်သားတစ်ဦးနှယ် ကော့ကျော့စွာ ထိုင်နေသည်။

အချိန်အတန်ကြာပြီးနောက် ကျီယွယ့်က ဖြည်း
ညှင်းစွာ စကားစလိုက်သည်။

"ကိုယ်တော်က အမှုထမ်းရဲ့ လျှာကို ဖြတ်ပြီး အသက်ပေါင်းများစွာကို သွေးအေးအေး သတ်ခဲ့တယ်။မယ်တော်ကြီးက ကိုယ်တော့်ကို ရာဇပုလ္လ
င်ပေါ် ထိုင်ခွင့်ရအောင် နန်းတင်ပေးခဲ့ပေမယ့် ကို
ယ်တော်ကတော့ ကျေးဇူးကန်းပြီး သူ(မ)ကိုရော သူ(မ)ရဲ့ တစ်မိသားစုလုံးကိုပါ သတ်ပစ်ခဲ့တယ်။ကိုယ်တော်က လောဘကြီးတယ်။လူသေလောင်းတွေနဲ့တောင် အုတ်မြစ်ချပြီး နယ်မြေသစ် ချဲ့ထွင်ရဲတယ်။ကိုယ်တော့်ရဲ့ရည်ရွယ်ချက် ပြည့်ဝဖို့ဆိုရင် ဘယ်လောက်ပဲ ဆိုးရွားပြီး ရွံစရာကောင်းနေ
ပါစေ ဒီသံသရာမှာ စီးချင်းထိုးဖို့ အသင့်ပဲ"

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now